Chapter(24)💛

65 3 0
                                    

"Honey...."

"ဗျာ......"

"နှိုင်းစောင့်နေတာကြာပြီ။ဘာလို့ဘာမှမပြောသေးတာလဲ"

"ကိုယ်.....ကိုယ်......"

Ray၏စကားသံတို့ ထစ်ငေါ့နေခဲ့သည်။နှိုင်းက ချစ်ရသူစိတ်မညစ်စေချင်သဖြင့်ချက်ချင်းနှစ်သိမ့်ပေးလိုက်မိသည်။

"မပြောချင်လည်းရပါတယ် Honey။မပြောနဲ့တော့နော်။ရှင့်ကိုစိတ်ညစ်အောင် နှိုင်းမလုပ်ချင်ဘူး"

နှိုင်း၏စကားကိုနားထောင်ပြီးသောအခါ Rayကသူပြုံးနေကျဖြစ်သောအရှိန်အဝါတစ်ချို့လွှမ်းခြုံထားသည့်အပြုံးတစ်ခုကိုပြုံးလိုက်၍နှိုင်းကိုတယုတယပွေ့ဖက်ပေးထားခဲ့သည်။

"ကိုယ့်ကလေးက သိပ်လိမ္မာတယ်။ကိုယ့်ကိုအခက်တွေ့အောင်မလုပ်ဘူး။သိပ်ချစ်ဖို့ကောင်းတဲ့ကလေးလေးပဲ"

"နှိုင်းကရှင့်ရဲ့ဆန္ဒနဲ့ပဲဖြစ်တည်နေတာပါ Honey”

“ကိုယ်သိတာပေါ့ကလေး”

နှိုင်းတို့စကားပြောနေသောခဏတွင်ဆရာဝန်ရောက်လာသဖြင့်ပြောလက်စ စကားတို့ရပ်တန့်သွားကြသည်။ဆရာဝန်ကသူလုပ်စရာရှိတာတွေလုပ်ပေးပြီးသောအခါ Rayနှင့်စကားအနည်းငယ်ပြော၍ထွက်ခွါသွားခဲ့သည်။

“နှိုင်းအိမ်ပြန်လို့ရတော့မှာလား Honey”

“ပြန်ရမှာပေါ့ ကလေးရယ်”

ဆေးတွေကြောင့် နှိုင်းအိပ်ချင်လာပြန်သည်။ထို့‌ကြောင့် Rayရဲ့လက်ကိုဆုပ်ကိုင်ရင်းတောင်းဆိုမိ၏။

“နှိုင်းအိပ်ချင်လာပြီ။ရှင်သိပ်ပေးနော်”

“ဒါပေါ့ ကလေး။မျက်လုံးလေးမှိတ်ထားနော်”

“နှိုင်းရဲ့ဘေးနားမှာလှဲနေပေးပါလားဟင်”

“ကလေးရယ်။မင်းလေးခန္ဓာကိုယ်မှာပိုက်တွေနဲ့ကို.....”

“အဲ့တော့ဘာဖြစ်လဲ Honey”

“မင်းလေးကိုထိခိုက်မိမယ်လေ ကလေးရဲ့”

“နှိုင်းဆေးရုံရောက်နေတာကြာပြီမလား။ရှင့်ရင်ခွင်ထဲမှာမအိပ်ရတာကြာနေပြီ။ရှင့်ရင်ခွင်ထဲမှာနေချင်တယ်”

Ray💛Where stories live. Discover now