Chapter(42)(Ending)💛

661 12 0
                                    

နှိုင်းက စာအုပ်ကိုပြန်လည်လက်ခံပြီး စာရေးသားခြင်းကိုလုပ်ဆောင်ခဲ့သည်။ထိုအချိန်အတွင် Rayရဲ့အခြေအနေက သိပ်အဆင်မပြေခဲ့ပါ။မလုပ်သင့်သောအရာတစ်ချို့ကိုလုပ်ဆောင်ခဲ့သောကြောင့်ထိခိုက်ခဲ့ရ၏။ထို့ကြောင့် Rayအင်အားနည်းနေခဲ့သည်။နေမကောင်းဖြစ်နေခဲ့သည်။

နှိုင်းသည်လည်း သက္ကရာဇ်ကိုအိမ်မက်ဆိုးတစ်ခုအဖြစ် ညတိုင်းမြင်မက်နေခဲ့ရသည်။သက္ကရာဇ်က ညတိုင်းခြိမ်းခြောက်နေခဲ့သည်။

"အနှိုင်းမဲ့"

"ရောက်လာပြန်ပြီပဲ"

"မင်းလုပ်ရပ်တွေကိုရပ်တန့်ထားလိုက်ပါ"

"ကျွန်မကိုရှင်အမိန့်ပေးလို့မရဘူး"

"မင်းရူးနေပြီလား။ဒါက သေတတ်တဲ့ကိစ္စနော် အနှိုင်းမဲ့"

"ဂရုမစိုက်ဘူး သက္ကရာဇ်"

"နေနန်းရောင်စဉ်ကို ထားခဲ့ဖို့စိတ်ချလို့လား"

"ရှင်ပျောက်ကွယ်သွားတဲ့ကမ္ဘာကြီးမှာထားခဲ့ဖို့ စိတ်ချတယ်လေ"

"မင်း........"

ထိုခဏတွင် အိမ်မက်မှလန့်နိုးလာခဲ့သည်။နှိုင်းထံ၌အတွေးများစွာပြည့်နှက်နေခဲ့သည်။အတူတူ နိုးလားသောRayက စကားဆို၏။

"ဘာဖြစ်လို့လဲ ကလေး"

နှိုင်းကိုစိတ်ပူမှာစိုးသဖြင့်ဘာမှမဖြစ်ဟန်ဆောင်ရင်း နှိုင်းစကားဆိုလိုက်သည်။

"ဘာမှမဖြစ်ပါဘူး Honey။ကလေးလေးတွေကို ထကြည့်တာပါ။နိုးနေကြလား....ငိုနေလားဆိုပြီး..."

"ကလေးတွေကိုကိုယ်ကြည့်ပေးပါ့မယ်။ကလေးထိန်းလည်းရှိနေသားပဲကို။ကိုယ့်ကလေးက အိပ်ရေးဝအောင်အိပ်နော်"

"ဟုတ်"

နှိုင်းကိုပွေ့ဖက်၍သိပ်ပေးနေသောRayရင်ခွင်ထဲတွင်တိုးဝင်၍နှိုင်း‌တစ်ယောက်ပြန်လည်အိပ်ပျော်သွားခဲ့ရသည်။

**************************

"Morning babe.....ကိုယ်မနက်စာပြင်ဆင်ပြီးနေပြီ.....ထတော့"

"အွန်း......"

အိပ်ရာထဲတွင်တွန့်လိမ်နေသောနှိုင်းကိုပွေ့ဖက်ဆွဲယူရင်း Rayတစ်ယောက်အလုပ်များနေခဲ့သည်။

Ray💛Where stories live. Discover now