Chapter(34)💛

67 3 0
                                    

"ဟာ....အဲ့ဒါဘာလုပ်နေတာလဲ ကလေး"

အလန့်တကြားတားမြစ်လိုက်ရင်းနှိုင်းရဲ့လက်ထဲကစာအုပ်တွေကိုဆွဲယူလိုက်တဲ့Rayကြောင့်နှိုင်းအံ့ဩတကြီးကြည့်ရင်းမေးမိသည်။

"ဘာဖြစ်လို့လဲဟင်...."

"ကိုယ်ဝန်ကြီးနဲ့ကို....ဒါ‌ဘာလုပ်နေတာလဲကလေးမ....အာ....နေဦး......အခုချက်ချင်းဒီခုံမှာအရင်ထိုင်လိုက်....ပြီးမှစကားဆက် ပြောမယ်"

အနီးရှိဆိုဖာပေါ်တွင်နှိုင်းကိုထိုင်ခိုင်းလိုက်ရင်း ပြာယာခတ်နေသောRayကိုကြည့်၍ နှိုင်းမှာအံ့ဩပြီးရင်းအံ့ဩနေခဲ့ရတော့သည်။

"ဘာဖြစ်လို့လဲ Honeyရယ်"

"ဘာဖြစ်လို့လဲ....ဟုတ်လားကလေးမ။ဒီလောက်စာအုပ်အထပ်ကြီးကိုမပြီး ဘာလုပ်နေတာလဲ"

"စာရေးမလို့လေ Honeyရဲ့"

"အိမ်ကအလုပ်သမားတွေဘယ်ရောက်သွား....လဲ....."

ထိုစကားကိုဆိုရင်း အလုပ်သမားတွေကိုခေါ်ပြီး ကြိမ်းမောင်းဖို့ပြင်ဆင်နေသောRayကြောင့် နှိုင်းကပြာယာခတ်စွာတားမြစ်ရ‌ပြန်၏။

"အလုပ်သမားတွေကိုမဆူပါနဲ့။ထားလိုက်ပါ Honey ရယ်။နှိုင်းလည်းဘာမှမဖြစ်တာကို......."

Rayကနှိုင်းရဲ့ပခုံးနှစ်ဖက်ကိုဖွဖွဆုပ်ကိုင်ရင်း စိုးရိမ်တကြီးဖြစ်နေသောမျက်နှာပေးဖြင့်စကားသဲ့သဲ့ဆို၏။

"ကိုယ်စိတ်ပူသွားတာလွန်လို့လား။အလေးအပင်မလို့မရဘူးလေ ကလေး"

"အာ....‌ဒီ‌လောက်စာအုပ်လေးကို.....မလို့ရပါတယ်"

"မရပါဘူး။မင်းလေးက ဒီလောက်အားနည်းတာ။တစ်ခုခုဖြစ်သွားမှဖြင့် ကိုယ်ရင်ကျိုးရချည်ရဲ့"

"ရှင်ကြီးအရမ်းအဖြစ်သည်းတာပဲ"

"အဖြစ်သည်းသင့်ရင်သည်းရမှာပဲ။လာခဲ့ အိပ်ရာထဲသွားမယ်။အိပ်ရာထဲမှာအခုချက်ချင်းငြိမ်ငြိမ်လေးလှဲနေလိုက်ရင်ကောင်းမယ်နော်ကလေးမ"

"Honey"

"ကျစ်........ကိုယ်ပြောတာနားထောင်စမ်းပါ"

"နှိုင်း ဘာမှမဖြစ်......"

"အနှိုင်းမဲ့"

ချက်ချင်းလေသံမာသွားသောRayရဲ့အခြေအနေကိုကြည့်ရင်း ထိတ်ထိတ်ပြာပြာဖြင့်နှိုင်းတောင်းပန်မိရသည်။

Ray💛Where stories live. Discover now