Chapter(20)💛

92 3 0
                                    

နှိုင်းကRayထွက်သွားတာကိုကြည့်ရင်း အတွေးတွေလွန်နေခဲ့သည်။သို့သော်လည်း တဖြေးဖြေးနှင့် နှိုင်း၏မျက်လုံးများလေးလံလာခဲ့သည်။

နှိုင်းသည် ဆေးသွင်းထားသောအရှိန်ဖြင့်အိပ်ရာထဲတွင်ခွေခွေလေး ပြန်လည်၍အိပ်ပျော်သွားခဲ့ရသည်။ထိုခဏတွင် နှိုင်းခံစားမြင်တွေ့နေခဲ့ရတာက ပိန်းပိတ်အောင်မှောင်မိုက်နေသောအမှောင်ထုဖြစ်နေခဲ့၏။

ကျောက်သားကြမ်းကြမ်းတွေပေါ်မှာပြေးလွှားနေခဲ့သည့် နှိုင်းခြေထောက်များဆီကအေးစက်သောအငွေ့အသက်တို့ခံစားနေရသည်။ထို့အပြင် ခြေဖဝါးများထံမှ နာကျင်မှုကလည်းဆိုးဝါးလွန်းနေခဲ့သည်။

နှိုင်းပြေးလွှားနေခဲ့ရသည်မှာ မောပန်းလွန်းနေပြီဖြစ်သော်လည်း မရပ်တန့်နိုင်ခဲ့ပါ။နောက်မှလိုက်လံနှောင့်ယှက်နေခဲ့သောနတ်ဆိုး၏လက်မှလွတ်အောင် နှိုင်းပြေးနေခဲ့ရသည်။ထိုနတ်ဆိုးက နှိုင်းကို ကြောက်မက်ဖွယ်ရာခြိမ်းခြောက်နေခဲ့သည်။

အမှောင်ထုထဲတွင်ကြောက်လန့်တကြားပြေးလွှားနေသော အနှိုင်းမဲ့အတွက် ရှေ့တွင်ချောက်ကမ်းပါးတစ်ခုကဆီးကြိုနေခဲ့သည်။ထိုချောက်ကမ်းပါးထိပ်တွင် ခြေစုံရပ်ရင်း နှိုင်းသည်ကြောက်လန့်နေသောမျက်ဝန်းများဖြင့် ချောက်ကမ်းပါးအောက်ခြေသို့ငုံ့ကြည့်လိုက်မိလေ၏။

ချောက်ကမ်းပါး၏အောက်ခြေတွင် နှိုင်းမြင်တွေ့လိုက်ရတာက ကျယ်လောင်သောလှိုင်းပုတ်သံများနှင့်ဆူညံနေသည့်ပင်လယ်ပြင်ကြီးဖြစ်နေခဲ့သည်။ချောက်ကမ်းပါးအောက်ခြေကို ဒေါသတကြီးအော်မြည်ရင်းလာရောက်ထိတွေ့နေကြသော လှိုင်းလုံးများက ကြောက်မက်ဖွယ်ကောင်းလွန်းနေ၏။ထို့အပြင် ထိုလှိုင်းလုံးများက မည်းနက်နေခဲ့သည်။

ထိုအရာအားလုံးကိုမြင်တွေ့ပြီးသောအခါ နှိုင်းရောက်နေခဲ့တာက ပင်လယ်နက်ကချောက်ကမ်းပါးဖြစ်သည်ဟုတွေးလိုက်မိသည်။ထိုအခါတွင် နှိုင်းတစ်ယောက်ပိုမိုခြောက်ခြားလာခဲ့ရသည်။ပင်လယ်နက်ကိုမြင်တွေ့ပြီးသည့်အချိန်တိုင်း ထပ်မံမြင်တွေ့ရသည့်အရာက မိမိ၏သေဆုံးခြင်း ဖြစ်နေတတ်သည့်အတွက် ပိုမိုထိတ်လန့်လာရခြင်းလည်းဖြစ်သည်။

Ray💛Where stories live. Discover now