Chapter(21)💛

70 2 0
                                    

"ဘာ.....မင်းဘာပြောလိုက်တယ်... ကလေးမ"

ရုတ်တရက်ကြီးပြောချလိုက်သောနှိုင်းကိုကြည့်ရင်း ရောင်စဉ်တစ်ယောက်အလန့်တကြားဖြစ်သွားပုံရသည်။

"ရှင့်ကိုချစ်တယ်လို့..."

"ကိုယ့်ပုံစံက နောက်ပြောင်စရာအရူးနဲ့တူနေလို့လား"

"မနောက်ပါဘူး။အတည်ပြောတာ။ရှင့်ကိုချစ်တယ်။အတူတူတစ်သက်လုံးရှိချင်တယ်"

"မဖြစ်နိုင်တာ။မင်းနဲ့ကိုယ်က......မဟုတ်သေးဘူး ကလေးမ"

"မဖြစ်နိုင်ဘူးဆိုတာဘာမှမရှိဘူး Honey။ကျွန်မရဲ့ခံစားချက်ကိုပြောနေတာ။ရှင့်ကိုချစ်တယ်"

"ချက်ချင်းကြီးဖြစ်မနေဘူးလား။မင်းရဲ့ခံစားချက်တွေသိပ်လွယ်နေပုံရတယ်"

"ခံစားချက်တွေက နှလုံးသားရဲ့စစ်မှန်မှုပါ။နှိုင်းရဲ့ခံစားချက်တွေ ရှင်ထင်သလိုသိပ်လွယ်ကူလွန်းမနေပါဘူး Honey"

ရောင်စဉ်မျက်နှာကိုသေချာကြည့်ရင်း နှိုင်းက ထပ်မံ၍စကားဆိုလိုက်သည်။နှိုင်းကိုသေချာပြန်ကြည့်ရင်းရောင်စဉ်သည်စူးစမ်းလေ့လာနေခဲ့သည်။အနှိုင်းမဲ့ရဲ့ပုံစံသည်တည်ငြိမ်နေခဲ့သည်။နောက်ပြောင်သည့်ပုံပေါက်မနေခဲ့ပါ။

ရောင်စဉ်က နှိုင်းကိုအတန်ကြာစိုက်ကြည့်နေပြီးနောက်သက်ပြင်းသဲ့သဲ့ချလိုက်လေသည်။ထို့နောက်အနှိုင်းမဲ့၏ပခုံးနှစ်ဖက်ကိုဆုပ်ကိုင်၍စကားလုံးတစ်ချို့ကိုဖြည်းဖြည်း‌ချင်းပြောလာခဲ့သည်။

“ကိုယ်ပြောမယ့်စကားကိုသေချာနားထောင်နော်ကလေးမ။မင်းကိုကိုယ်ချစ်ခဲ့တာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကပဲ။မင်းကိုကိုယ်ကဘဝအဆက်ဆက်ပိုင်ဆိုင်ခဲ့တယ်။ချစ်ခဲ့တယ်။အခုအချိန်အထိလည်း ချစ်နေတုန်းပဲ။မင်းက သေဆုံးပြီးမေ့သွားပေမယ့်ကိုယ်မင်းကိုဘယ်တုန်းကမှမမေ့ခဲ့ဖူးဘူး"

"ဘယ်လို....."

"မင်းကကိုယ့်ရဲ့ပိုင်ဆိုင်မှုအဖြစ်အကြိမ်ကြိမ်တည်ရှိ‌ခဲ့တာလေ"

"အတိတ်ဘဝတွေကတည်းကနှိုင်းတို့နှစ်ယောက် ချစ်ခဲ့ဖူးကြတာလား"

Ray💛Where stories live. Discover now