သူမက ကျွန်မအတွက်အရာရာပါပဲ။
ကျွန်မကိုယုံကြည်သည်ဖြစ်စေ၊မယုံကြည်သည်ဖြစ်စေ....ကျွန်မရဲ့ချစ်ခြင်းတွေက သူမအတွက်ဆက်လက်တည်ရှိနေလိမ့်မယ်။
တစ်ခါတစ်လေ နာကျင်စရာတွေရှိတယ်။တစ်ခါတစ်လေ ပျော်ရွှင်ရတာတွေရှိတယ်။တစ်ခါတစ်လေ စိတ်ပင်ပန်းခဲ့ရတာတွေရှိတယ်။တစ်ခါတစ်လေ ကြောက်ရွံ့ထိတ်လန့်စရာတွေဖြစ်ခဲ့တယ်။တစ်ခါတစ်လေသံသယဝင်စရာတွေဖြစ်တယ်။တစ်ခါတစ်လေ ရန်ပွဲတွေဖြစ်ခဲ့တယ်။တစ်ခါတစ်လေ ဘာကိုမှမတွေးပဲချစ်မြတ်နိုးခဲ့ကြတာတွေရှိတယ်။
မကောင်းတာတွေကိုမေ့ပစ်ပြီး ကောင်းတဲ့အရာလေးတွေကိုကိုယ့်အတွက်ယူဆောင်ပြီး သူမကိုကျွန်မပျော်ရွှင်စွာချစ်မြတ်နိုးခဲ့ပါတယ်။သူမတစ်ယောက်ထဲကိုပဲချစ်ခဲ့တာမို့လို့ ဘာတွေဖြစ်ဖြစ်ပြောင်းလဲသွားမှာမဟုတ်ပါဘူး။သူမကကျွန်မကိုရက်စက်ခဲ့ရင်တောင် အဲ့ဒါကသူမရဲ့ကိစ္စပါ။ကျွန်မကတော့ ချစ်နေရလိမ့်မယ်။သေဆုံးချိန်အထိပေါ့။
အရာရာက ပြီးပြည့်စုံပြီးဖြောင့်ဖြူးသာယာနေခဲ့တာတော့မဟုတ်ခဲ့ပါဘူး။အရာရာကိုစိုးရိမ်စိတ်တွေနဲ့ရင်ဆိုင်ခဲ့ရတာပေါ့။ဘာပဲဖြစ်ဖြစ်ပါ။ကျွန်မကိုလက်မလွှတ်ခဲ့တာတစ်ခုထဲနဲ့ ကျွန်မရဲ့ဘဝတစ်ခုလုံးပြီးပြည့်စုံပါတယ်။
ကျွန်မရဲ့နှလုံးသားခံစားချက်အတိုင်း သူမကိုချစ်သွားဖို့ကျွန်မအသက်ရှင်နေသ၍ကြိုးစားနေမှာ.....။အဲ့ဒါကို သူမသိသည်ဖြစ်စေ....သူမ မသိသည်ဖြစ်စေပေါ့။
××××××××××××××××××××××××
ဒီficကို ဒီမှာပဲအဆုံးသတ်လိုက်မိပြီ။တစ်ခြားficတစ်ခုကိုဆက်ရေးဖို့ကြိုးစားချင်တာမို့ရော.....အကြောင်းအရာတစ်ချို့ကြောင့်ရော....ဒီမှာပဲအဆုံးသတ်ဖို့ဆုံးဖြတ်ခဲ့မိတယ်။အင်း.....ဒီficကို (Season-2)ဆက်ရေးကောင်းရေးမိပါလိမ့်မယ်။ဘာပဲဖြစ်ဖြစ် မသေချာပေမယ့်ဖတ်ရှုပေးကြတဲ့သူတွေတစ်ယောက်ခြင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။
(ဒီ Ficကလည်း နှိုင်းရဲ့အကောင့်ဟောင်းမှာတင်ပေးခဲ့ဖူးတဲ့(Fic)ပါပဲ။အရင်က ဖတ်ဖူးပြီးသားသူတွေရှိသလို မဖတ်ရသေးပဲ အခုမှသိတဲ့စာဖတ်သူလေးတွေကလည်း နှိုင်းရဲ့ Ficလေးကို ဖတ်ရှုအားပေးကြပါဦးနော်။ဆက်လက်ကြိုးစားပါဦးမယ်ရှင့်။)
ဖြူစင်သောပေးဆပ်ခြင်းဖြင့်အရာရာကိုပိုင်ဆိုင်ရယူမည်
အေဗရီရင့်ဟန်
YOU ARE READING
Ray💛
Fantasyကောင်းကင်တမန်တစ်ပါးက Vampireမိန်းကလေးတစ်ယောက်ကိုချစ်မိလို့ အပြစ်ပေးခံရပြီး ကောင်းကင်ဘုံမှအစွမ်းတွေရုတ်သိမ်းခံရသောအခါ........။ အဲ့ဒီကောင်းကင်တမန်က သူချစ်တဲ့မိန်းကလေးကို Vampireဘဝမှကယ်တင်ပြီး လူသားတစ်ယောက်အဖြစ်ပြန်လည်ဝင်စားမွေးဖွားစေခဲ့တယ်.....။ သို့သ...