Chapter(5)💛

330 6 0
                                    

"ဒါက...."

"ကိုယ်တို့နှစ်ယောက်ရဲ့အိမ်လေ"

"လှလိုက်တာ။ဒီအိမ်ပုံစံကို ဟိုတစ်ခါက....."

"ဒါပေါ့ ကလေးရဲ့။မင်းကိုယ့်ကို ပို့ပေးခဲ့တဲ့ဓာတ်ပုံထဲက အိမ်ပုံစံအတိုင်း ဆောက်ထားတာလေ"

"ကျွန်မ ပြောသမျှတွေအကုန်လုပ်ထားတာပဲနော် ရှင်က"

"လုပ်ရမှာပေါ့။ကိုယ့်ကလေးရဲ့ဆန္ဒတွေအားလုံးက ကိုယ့်ဆန္ဒဖြစ်နေတာမို့လို့"

"ကျေနပ်တယ်။ရှင့်ရဲ့ကြိုးစားမှုအတွက်....."

နှိုင်းကထိုစကားကိုပြောရင်း Ray၏ရင်ဘတ်ကို ခပ်ပြင်းပြင်းလေးတစ်ချက်ကိုက်ပစ်လိုက်ပါ၏။

"ကလေးကလည်းကွာ....အခု‌လေးတင်ရခဲ့တဲ့ ဒဏ်ရာတွေက လတ်ဆတ်နေသေးတာကို ထပ်လုပ်ပြန်ပြီ"

"အုံဖွ အုံဖွ.....ချစ်လို့ပါ"

"ထားပါတော့။ချစ်တာက နာကျင်မှုကြီးနဲ့...."

"မကျေနပ်ဘူးလား။နေ့တိုင်းကိုက်မှာနော်။ရှင်ပဲပြောတာလေ။မနာဘူး။ခံနိုင်ရည်ရှိတယ်ဆို..."

"ဟုတ်ပါပြီ။ကိုယ် မှားတာပါ။မင်းမှန်တယ်။ကြိုက်တာသာလုပ် ကလေးမ"

"ရှင်က လိမ္မာသားပဲ"

"ကိုယ်က လိမ္မာပါတယ်။အခုတော့ ကိုယ်တို့ရဲ့အခန်းကို သွားကြည့်ကြမလား"

"ကြည့်ကြတာပေါ့ Honey"

အခန်းအပြင်အဆင်ကို သဘောကျစွာကြည့်ရင်း နှိုင်း စကားဆိုမိသည်။

"Honeyက ကဗျာဆန်လိုက်တာ"

"မင်းအတွက်ပါ ကလေး"

နှိုင်းဝန်ခံစရာတစ်ခုရှိသည်။အဲ့ဒါက Rayစီစဉ်ထားသမျှအရာရာကိုသဘောကျမိခြင်းဖြစ်သည်။လက်ထပ်လက်စွပ်မှစ၍ ဘုရားကျောင်းကအပြင်အဆင်ရော......ယခု နှိုင်းအတွက်ပြင်ဆင်ပေးထားပါသည်ဆိုသော Ray၏အိမ်အပြင်အဆင်ကိုပါ နှိုင်းသဘောကျမိပါသည်။

နှိုင်းက အိပ်ရာခေါင်းရင်းဘက်ရှိနံရံနှင့်အပြည့်ရှိနေသော မိမိတို့နှစ်‌ဦး၏ဓါတ်ပုံကိုကြည့်ရင်းသဘောကျနေသည်။

ပြီးပြည်စုံသောဒဏ္ဍာရီဆန်မှုများပြည့်နှက်နေသည့်ဓာတ်ပုံရဲ့အထဲ၌ဆင်ထားသောခပ်မှိန်မှိန်မီးအလင်းရောင်လေးက နှိုင်းကိုအကြီးအကျယ်ဆွဲဆောင်ညှို့ငင်နေခဲ့တော့သည်။

Ray💛Where stories live. Discover now