အိပ်ရာနိုးသောအခါ နှိုင်း ဘေးနားတွင် Rayရှိမနေခဲ့ပါ။Rayကိုယ်စား စာရွက်လေးတစ်ခုသာရှိနေခဲ့၏။စာရွက်လေးထဲမှာ ရေးထားတာက ဤသို့ဖြစ်သည်။
"Morning Bae.....ကိုယ်အရေးကြီးကိစ္စရှိလို့ အပြင်သွားမယ်။မနက်စာပြင်ပေးထားခဲ့တယ်။မနက်စာကို စားဖြစ်အောင် စားပါ။အလုပ်ကိစ္စရှိရင်လည်း အလုပ်သမားတွေကိုခိုင်းနော်။ကိုယ်တိုင်မလုပ်နဲ့။ကိုယ်မင်းကို စိတ်မချဘူး။ကိုယ်ပြန်လာရင် မင်းလေး တစ်ခုခုဖြစ်တဲ့အသံမကြားချင်ဘူး Bae...."
နှိုင်းက စာရွက်လေးကို တစ်ချက်နမ်းလိုက်ရင်း စကားလုံးတစ်ချို့ကို ထိုစာရွက်လေးအားပြောဆိုလိုက်သည်။
"Morning Honey....ရှင့်ကိုချစ်တယ်"
ထို့နောက်တွင် စာရွက်လေးတွေသိမ်းဆည်းနေကျစာအုပ်ကြားထဲသို့ စာရွက်လေးကိုညှပ်လိုက်သည်။နှိုင်းအတွက် ဒီနေ့အပြင်သွားစရာမရှိဘူးလေ။Ray၏အမိန့်ဖြင့်စာအုပ်မိတ်ဆက်ပွဲကိုဖျက်သိမ်းခဲ့ပြီမဟုတ်လား။အိမ်မှာပဲ အေးအေးဆေးဆေးအနားယူဖို့ နှိုင်းတွေးလိုက်မိသည်။
တစ်ဆက်ထဲမှာပဲ နှိုင်းကရေချိုးရန်ပြင်ဆင်လိုက်သည်။ရေစိမ်ကြွေကန်ထဲတွင် မိမိကိုယ်လေးကိုနှစ်မြှုပ်လိုက်ရင်း မျက်လုံးလေးမှိတ်၍ စဉ်းစားစရာတစ်ချို့ကို နှိုင်းစဉ်းစားနေမိသည်။ထိုခဏတွင် နှိုင်း၏အာရုံများသည် တစ်စုံတစ်ရာ၏နှောက်ယှက်ခြင်းခံရသလိုမျိုးဖြစ်တည်သွားခဲ့၏။ထိုအခိုက်အတန့်ကို နှိုင်းကိုယ်တိုင်မသိလိုက်ပဲရှိသည်။
နှိုင်း၏အတွေးထဲတွင် စာအုပ်မိတ်ဆက်ပွဲသွားဖို့ပြင်ဆင်ရမည်ဟုသာ စဉ်းစားရင်းပြင်ဆင်လိုက်သည်။ထိုအခိုက်တွင် Rayနှင့်ပြောခဲ့သမျှအရာရာသည် နှိုင်း၏အတွေးထဲ၌ရှိမနေတော့ပဲ Rayကို ကတိပေးထားသောအကြောင်းအရာများသည်လည်းမှတ်ဉာဏ်ထဲမှပျောက်ကွယ်သွားခဲ့တော့သည်။
အရာရာကိုပြင်ဆင်ပြီးသောအခါ နှိုင်းသည် စာအုပ်မိတ်ဆက်ပွဲသို့ထွက်လာခဲ့ပါတော့၏။ထိုဖြစ်စဉ်အတွက် နှိုင်းရင်ဆိုင်ရမည့်ပြဿနာများရှိနေကြောင်း မတွေးနိုင်စေရန် နတ်ဆိုးတစ်ကောင်က ဖြားယောင်းနေခဲ့သည်ဆိုလျှင်......။
YOU ARE READING
Ray💛
Fantasyကောင်းကင်တမန်တစ်ပါးက Vampireမိန်းကလေးတစ်ယောက်ကိုချစ်မိလို့ အပြစ်ပေးခံရပြီး ကောင်းကင်ဘုံမှအစွမ်းတွေရုတ်သိမ်းခံရသောအခါ........။ အဲ့ဒီကောင်းကင်တမန်က သူချစ်တဲ့မိန်းကလေးကို Vampireဘဝမှကယ်တင်ပြီး လူသားတစ်ယောက်အဖြစ်ပြန်လည်ဝင်စားမွေးဖွားစေခဲ့တယ်.....။ သို့သ...