Chapter(14)💛

94 4 0
                                    

“သင့်တင့်.....နှိုင်းကို Honeyဆီလိုက်ပို့စမ်းပါ"

“အဲ့ဒါက....."

“မင်းကိုအမိန့်ပေးနေတာ။နှိုင်းကိုအခုပဲလိုက်ပို့စမ်းပါ သင့်တင့်။သူက အရက်သောက်နေမှာ။ပြီးရင် သောင်းကျန်းနေဦးမှာ။အဲ့ဒါတွေကို နှိုင်းတားဆီးရလိမ့်မယ်"

ထို‌နေရာသို့ နှိုင်းရောက်သွားသောအခါ Ray က ဒေါသတကြီးသောင်းကျန်နေတာကို တွေ့လိုက်ရ၏။ခိုင်းထား‌သောအလုပ်ကိစ္စအား ပြီးမြောက်အောင်ဆောင်ရွက်နိုင်ခြင်းမရှိသဖြင့် တောင်းပန်စကားဆိုနေသူကို Rayကသူမလက်ထဲ၌ရှိနေသောသေနတ်ဖြင့်ဒေါသတကြီးပစ်ခတ်စီရင်ပစ်လိုက်သည်။

“Honey....."

အနှိုင်းမဲ့ကိုတွေ့လိုက်ရသဖြင့် Rayအံ့ဩသွားဟန်ရှိသည်။

“ဒီကိုဘာလာလုပ်တာလဲ။အဲ့လိုလုပ်ဖို့ ကိုယ်ခွင့်ပြုထားလို့လား"

“ခွင့်မပြုထား‌ပေမယ့် ရှင့်ကိုစိတ်မချလို့လိုက်လာတာပါ။ဒီမှာ ဘာလုပ်နေတာလဲ Honey"

“ကိုယ်ပိုင်ဆိုင်တဲ့Barမှာကိုယ်ရှိနေတာလေ။ဒီမှာနေဖို့အကြောင်းပြချက်ထပ်လိုသေးလို့လား"

Rayပြန်ဖြေသောလေသံက ပုံမှန်မဟုတ်သဖြင့် တော်တော်လေးမူးနေပြီဖြစ်ကြောင်း နှိုင်းနားလည်လိုက်သည်။

“အရက်တွေသောက်ထားတာလား Honey"

“သောက်ထားတော့ ဘာဖြစ်သလဲ Bae......လျှာမရှည်နဲ့။အဲ့ဒါမင်းအလုပ်မဟုတ်ဘူး"

“လျှာရှည်တာမဟုတ်ဘူး။ရှင့်အတွက် အန္တရာယ်ရှိလို့ပြောနေတာ"

“ကိုယ့်ကိစ္စကိုယ်သိတယ်။မင်းပူစရာမလိုဘူး"

Rayက ခွက်ထဲရှိအရက်တစ်ချို့ကိုထပ်မံမော့သောက်လိုက်သဖြင့် နှိုင်းက အသဲအသန်တားဆီးရပြန်သည်။

“အရမ်းမူးနေတာကို ပြန်ကြစို့ Honeyရယ်။တော်တော့နော်.....မသောက်နဲ့တော့။အရက်သောက်ပြီးရင် ရှင့်ရဲ့စိတ်တွေကကြောက်စရာကောင်းလာတာကို နှိုင်းမလိုချင်ဘူး"

“မင်းက ကိုယ့်ကိုတားမြစ်‌ပိတ်ပင်နေတာလား ကလေးမ။မရဘူး။အမိန့်တွေကိုကိုယ်ပဲထုတ်မှာ"

Ray💛Where stories live. Discover now