Chapter(16)💛

83 6 0
                                    

ခြံထဲတွင်ရပ်တန့်သွားသောRayမောင်းနှင်လာသည့်ကားကိုမြင်သောအခါ နှိုင်း၏နှုတ်ခမ်းလေးတွင်အပြုံးလေးတစ်ခုဖြစ်တည်သွားခဲ့သည်။နှိုင်းကိုမြင်ရသောအခါRayမှာအနည်းငယ်စိတ်အေးသွားရသည်။သူမလေးပြန်လည်နိုးထလာနိုင်ခြင်းကိုမြင်တွေ့ရတာက Rayအတွက်ငြိမ်းချမ်းစေ၏။

"Honey..."

"အာ....ကလေးလေး ....ဖျားနေတာကိုကွာ။အပြင်မှာဘာလို့နေတာလဲ"

"နှိုင်းနိုးလာတော့ရှင့်ကိုမတွေ့တာနဲ့...."

"ကိစ္စတစ်ခုကြောင့်ထွက်သွားတာ။ခဏပဲသွားတာပါကလေးရယ်"

"အွန်း....နှိုင်းကိုရှင့်အလုပ်သမား‌တွေကလည်း အဲ့လိုပဲပြောကြပါတယ်။နှိုင်းကိုယ်တိုင်က ရှင့်ကိုတစ်မိနစ်လောက်မတွေ့ရင်ကိုမနေနိုင်တာ"

"ကိုယ်သိတာပေါ့။လာပါ....အိပ်ရာထဲမှာလှဲနေစမ်းပါ။သက်သက်သာသာနေသင့်တယ်မလား။အခုအချိန်မှာလေ"

"ဟုတ်ကဲ့"

"ကိုယ် ချီမယ် မင်းလေးကို"

နှိုင်းကိုပွေ့ယူလိုက်ရင်းRayက အိမ်ထဲသို့ခေါ်လာခဲ့ပါသည်။နှိုင်းကိုအိပ်ရာထဲသို့ကြင်နာစွာချပေးလိုက်သည်။နှိုင်းကိုအိပ်ရာထဲချပေးပြီးနောက်အိပ်ရာဘေးရှိစားပွဲတွင် အလုပ်လုပ်ဖို့Rayပြင်ဆင်လိုက်သည်။နှိုင်းကအိပ်ရာထဲလှဲမနေပဲထလိုက်ရင်း Rayဖွင့်နေသော laptop ကို ပိတ်လိုက်ပြီး Rayကိုရှုပ်ဖို့ကြိုးစားလာသည်။

"ဟာ....ကလေးမ....ဘာလုပ်လိုက်တာလဲ"

"ရှင်ကြီးက ဘာလို့အလုပ်လုပ်မှာလဲ။မလုပ်နဲ့"

"ကိုယ်အလုပ်လုပ်ရမယ်လေကွာ။ကိုယ့်အလုပ်တွေမလုပ်ပဲပစ်ထားတာကြာပြီမလား"

"ဒါဆို နှိုင်းကဘာလုပ်နေရမှာလဲ"

"မင်းလေးက အိပ်နေလေ"

"မအိပ်ချင်ပါဘူး"

"မင်းလေးအနားယူဖို့လိုအပ်နေတာကို"

"မသိဘူး။နှိုင်းမအိပ်ချင်ဘူး။Honeyကိုရှုပ်ချင်တာ"

Rayကိုဂျီကျသောင်းကျန်းဖို့ကြိုးစားလာခဲ့သောအခါ သူမလေးကိုချော့မော့ရပြန်သည်။

Ray💛Where stories live. Discover now