Chapter(18)💛

83 3 0
                                    

အိမ်ရောက်သောအခါ Rayက နှိုင်းကို မေးခွန်းများစွာမေးမြန်းလေတော့၏။ဘာတစ်ခုကိုမှဖြေစရာစကားမရှိသော နှိုင်းတစ်ယောက်အခက်တွေ့နေရတော့သည်။

“မင်းကိုယ့်ကိုဘာမှပြောစရာမရှိဘူးလား ကလေးမ"

“အခုဖြစ်စဉ်နဲ့ပတ်သက်ပြီးဘာမှမရှင်းပြနိုင်ဘူး Honey"

“တောက်...."

“Honey... နှိုင်းကိုခွင့်လွှတ်ပါ"

“အဲ့ဒီစကားကလွဲပြီး တစ်ခြားအကြောင်းပြချက်တို့၊စကားလုံးတို့ မင်းမှာရှိမနေဘူးလား ကလေးမ.....ဟမ်..."

“နှိုင်း ဘာမှမပြောပြနိုင်ပါဘူး Honey"

နှိုင်းကိုကြည့်၍ Ray ခေါင်းခါရင်း သက်ပြင်းသဲ့သဲ့ချရင်းရှိနေသည်။ထိုခဏတွင် Rayက နှိုင်းအနီးမှထွက်သွား၍စားပွဲခုံအံဆွဲထဲမှ ဆေးလိပ်ဘူးကိုယူလိုက်သဖြင့် နှိုင်းမျက်လုံးပြူးသွားရသည်။သူမထံမှာဆေးလိပ်တွေရှိနေခဲ့တာလား။သူမ ဆေးလိပ်တွေသောက်နေခဲ့တာလားဟုတွေးရင်း တားမြစ်ဖို့ကြိုးစားမိတော့သည်။

“ဘာလို့ Honeyဆီမှာ ဆေးလိပ်တွေရှိနေရတာလဲ"

“အဲ့ဒါက ထူးဆန်းလို့လား ‌Bae"

“ဆေးလိပ်မသောက်ရဘူး Honey"

နှိုင်းက ငြင်းဆန်ရင်း Rayကိုတားမြစ်ဖို့ကြိုးစားနေခဲ့၏။

“ကိုယ့်ဆန္ဒကိုတားလို့ရဖူးခဲ့သလား ကလေး"

“မရတာကိုသိပါတယ်။ဒါကိုတော့ တားဆီးခွင့်ပေးပါ Honey။ရှင့်ကိုစိတ်ပူလို့ပါ"

နှိုင်းကိုဂရုမစိုက်ဟန်ဖြင့် Rayကဆေးလိပ်ကိုမီးညှိလိုက်သည်။သို့‌ေသာ် လည်းနှိုင်းက တားဆီးဖို့ကြိုးစားနေဆဲဖြစ်သည်။

"ဆေးလိပ်မသောက်ရဘူးလို့ နှိုင်းပြောနေတယ်မလား။ နှိုင်းမကြိုက်ဘူးလေ Honey"

"ကိုယ်ကြိုက်တယ်လေ Bae...."

"ရှင်က....."

အနှိုင်းမဲ့၏စကားသံလေးတိမ်ဝင်ပျောက်ကွယ်သွားခဲ့ပြီး မျက်ရည်စတစ်ချို့က သူမ၏မျက်ဝန်းလေးများတွင်ခိုတွယ်လာခဲ့သည်။

"ဘာဖြစ်လို့ အဲ့လောက်အဖြစ်သည်းနေသလဲ ကလေးမ။ဆေးလိပ်ကို ဒီလောက်လေးသောက်ရုံနဲ့ ကိုယ်ဘာမှဖြစ်မသွားဘူး"

Ray💛Where stories live. Discover now