Chapter(36)💛

83 4 0
                                    

Rayကိုနှိုင်းရဲ့စကားနားထောင်ခိုင်းထားတာမို့လို့ ဒုတိယနည်းလမ်းကိုပဲရွေးချယ်ခဲ့ကြ၏။ထိုနည်းလမ်းအတွက်ပေးဆပ်မှုတွေများပြားသွားခဲ့၏။
Rayထိခိုက်မှာစိုးရိမ်သဖြင့်သွေးမှော်ကိုအသုံးပြုခဲ့သည်လေ။ငရဲတံခါးပွင့်သွားလို့မဖြစ်ဘူးမဟုတ်လား။

ထိုသို့ခက်ခဲစွာလုပ်ကိုင်ရသောအခြေအနေနှင့်အတူငရဲတွင်ရှိနေသောသက္ကရာဇ်၏လွှမ်းမိုးခြင်းများကိုလည်း နှိုင်းခံစားနေရသည်။နှိုင်းတို့မလုပ်သင့်တာကိုလုပ်ထားမိသဖြင့်သူကတစ်ချို့အရာတွေကိုလှမ်း၍ချုပ်ကိုင်နေနိုင်ပြီမဟုတ်လား။ကြာရင်ပိုမိုခက်ခဲလာမှာကိုနှိုင်းသိနေခဲ့သည်။သူကRayကိုထိခိုက်စေရမည်ဟုကြွေးကြော်နေတဲ့အသံကို နှိုင်းရဲ့စိတ်အာရုံ၌နေ့တိုင်းကြားနေရသည်။

နှိုင်းကသွေးမှော်ကိုအသုံးပြုရင်းအံတုရင်ဆိုင်နေခဲ့ရသည်။ထိုအရာကိုRayမသိအောင်လုပ်ကိုင်နေရတာမို့လို့ နှိုင်းအတွက်ခက်ခဲနေခဲ့ရသည်။တစ်ခုသောနေ့ရက်တွင် Rayသိသွားခဲ့သောအခါ နှိုင်းတို့နှစ်ဦးသားပြဿနာဖြစ်ကြသည်။

“Honey.....အဲ့လိုမလုပ်ပါနဲ့”

“ဖယ်စမ်း။ကိုယ်အရမ်းစိတ်တိုနေတယ်။ငြိမ်ငြိမ်သွားထိုင်နေစမ်း ကလေးမ။ကိုယ့်စိတ်ကိုပိုဆိုးလာအောင်ထပ်မဆွနဲ့....”

“နှိုင်းရဲ့စကားကိုနားထောင်ပေးပါဦး Honeyရယ်”

“မပြောနဲ့......မကြားချင်ဘူး။အဲ့လောက်သေချင်နေရင်လည်း......တောက်.......”

Rayကနှိုင်းကိုရင့်သီးသောစကားလုံးမပြောရက်နိုင်သူမဟုတ်လား။ရုတ်တရက် လွှတ်ခနဲထွက်သွားသောစကားကိုဆက်မပြောပဲ ဒေါသတကြီးဖြင့်“တောက်”ခေါက်ရင်းနံရံကိုလက်သီးဖြင့်ပိတ်ထိုးပစ်လိုက်ပါ၏။

နှိုင်းရဲ့ခန္ဓာကိုယ်လေးတုန်သွားလျှက်ထိတ်လန့်စွာဖြင့်Rayကိုကြည့်နေခဲ့သည်။Rayရဲ့ဒေါသကိုတားဆီးရင်းချောမော့ချင်ပေမယ့် လုံးဝမလှုပ်ရှားပါနဲ့လို့အမိန့်ပေးထားသောကြောင့် နှိုင်းဘာလုပ်ရမှန်းမသိဖြစ်နေခဲ့သည်။

Rayကနှိုင်းကိုကြည့်ရင်းစိတ်‌ထဲတွင်တွေးနေမိသည်။ယခုလိုဒေါသထွက်နေပုံနဲ့ဆိုရင် နှိုင်းကိုတစ်ခုခုထိခိုက်မိသွားနိုင်သည်ဟု.....။မိမိကဒေါသအရမ်းကြီးတတ်တာကိုသေချာသိနေတော့ မိမိကိုယ်ကိုထိန်းနိုင်ဖို့အတွက်တစ်နေရာရာကို ခဏလောက်ထွက်သွားမှဖြစ်လိမ့်မည်ထင်၏။Rayက ကားသော့ကိုယူလိုက်သောအခါ နှိုင်းကတားမြစ်လာခဲ့ပါ၏။

Ray💛Where stories live. Discover now