Unicode
ပန်းစကားတဲ့...
နာမည်လေးနူးညံ့သလောက်လူကတော့''အားးးးး''
အပေါ်ထပ်ကရွှေဝါဝင်းရဲ့အသံကိုကြားတာနဲ့ချစ်စဖွယ်နှုတ်ခမ်းလေးတွေကခပ်မဲ့မဲ့နှင့်...
ချက်ချင်းဆိုသလိုပဲတိုလီထွာလီအဝတ်စအတိုအစတွေကိုကိုင်ကာရွှေဝါဝင်းကအိမ်ပေါ်ကဆင်းလာပြီး ဧည့်ခန်းထဲမှာထိုင်ကာခြေထောက်တွေကိုစားပွဲပေါ်စုံတင်ပြီးဖုန်းကြည့်နေတဲ့သူမရှေ့ရောက်လာ၍
''မိပန်း ဒါနင့်လက်ချက်မလားဟမ်''
သူမကမထီတထီကြည့်ပြီး
''ဟုတ်တယ် ဘာဖြစ်လဲ''
''ဘာ! ဘာဖြစ်လဲဟုတ်လား ဒါဖြစ်တယ်''
ပြောရင်းရွှေဝါဝင်းကသူမဆံပင်အားလာဆွဲဆောင့်လေသည်။
''အာ့ ငါနာတယ်နော် ခုလွှတ်''
ပြောရင်းသူမဆံပင်အဆွဲခံနေရရင်းမှမတ်တပ်ထရပ်ပြီးရွှေဝါဝင်းဆံပင်အားနောက်ပြန်လှန်ဆွဲလိုက်သည်။
''အရွှေမ နင်ငါ့ကိုခုလွှတ်မှာလားမလွှတ်ဘူးလား''
''မလွှတ်ဘူး ဒီနေ့နင်နဲ့ငါနဲ့နှစ်ယောက်ထဲကတစ်ယောက်အေ.သပဲ''
သူမတို့နှစ်ယောက်တစ်ယောက်ဆံပင်တစ်ယောက်ဆွဲကာဧည့်ခန်းထဲမှာသ.တ်ပွဲတွေဖြစ်နေကြတုန်း
''ဟဲ့ဟဲ့ ဘာဖြစ်နေကြတာလဲ ခုရပ်ကြစမ်း''
ပြောရင်းသူမတို့နှစ်ယောက်ကြားထဲအဒေါ်ဖြစ်သူကဝင်ခွဲ၍သူမတို့လူစုကွဲသွားလေ၏။
''အရွှေနဲ့ပန်းလေး ဘာဖြစ်နေကြတာလဲ''
ရွှေဝါဝင်းခေါ်အရွှေက
''တီလေးတူမအကောင်းစားကအရွှေ့ရဲ့သိန်းကျော်တန်အင်္ကျီတွေကိုကပ်ကြေးနဲ့ထိုးညှပ်ပစ်ထားတယ်''
''ဟမ် ပန်းလေး အရွှေပြောတာဟုတ်လား''
သူမကဘယ်သူ့ကိုမှဂရုမစိုက်ပုံနဲ့လက်နှစ်ဖက်ကိုပိုက်ကာ
''ဟုတ်တယ်လေ အဲ့ဟာမကကျွန်တော့်အဖေနဲ့အမေရဲ့ဓာတ်ပုံကိုခွဲပစ်လို့လုပ်တာဘာဖြစ်လဲ ဖြစ်နိုင်ရင်ဒင်းကိုပါကပ်ကြေးနဲ့ထိုးသ.တ်ပစ်ချင်တာ''
YOU ARE READING
I just wanna be your lover[completed]
RomanceAlways youထဲကချစ်တေးသီရဲ့အစ်ကိုဝမ်းကွဲဖြစ်တဲ့ထူးခြားမြင့်မားရဲ့အကြောင်းလေးပါ ခပ်ဆိုးဆိုးကောင်မလေးကိုသည်းသည်းလှုပ်ချစ်ပြမယ့်အေးဆေးတည်ငြိမ်တဲ့ဒေါက်တာကိုကို