Final Part

5.7K 101 5
                                    


Unicode

ကလေးမွေးထားတဲ့မိခင်တွေရဲ့ဒုက္ခကမသေးပါလားဆိုတာပန်းလေးနဖူးတွေ့ဒူးတွေ့သိခဲ့ရပါသည်။

နေ့နဲ့ညမှားကာသူမတို့အိပ်ချိန်ဆိုထထငိုတတ်တဲ့သမီးကြောင့်သူမတို့နှစ်ယောက်အိပ်ရေးပျက်ရတာလည်းများလှပြီ။

နို့ရည်မထွက်တဲ့ဒုက္ခနဲ့လည်းသူမမှာဒုက္ခတွေခံရတာတအားပင်။

ဒီကြားထဲသမီးကနုသေးတော့ခဏတိုင်းနေမကောင်းဖြစ်၏။
အဲလိုအချိန်မျိုးဆိုသူမတို့နှစ်ဆအိပ်ရေးပျက်ရသည်။

ကလေးငိုတိုင်းလည်းကိုကိုကပဲဒိုင်ခံချော့ပေးလေ၏။
ကိုကိုကသူမ ပင်ပန်းမှာစိုးရိမ်သည်တဲ့။

သူမတို့ဒီဒုက္ခတွေကိုသမီးလေးသုံးလလောက်ရမှပဲအနည်းငယ်ကျွတ်လွတ်သွားရတာပင်။

''ကိုကို သမီးလေးရက်တစ်ရာပြည့်တော့မှာနော် ဘာစီစဥ်ထားလဲ''

''အများကြီးစီစဥ်ထားတယ် ပြီးတော့surpriseလည်းရှိတယ်''

ပန်းလေးကိုကို့ကိုအင်္ကျီဝတ်ပေးနေရင်းမှပြုံးလိုက်ပြီး

''အံမယ် ဟုတ်လှချည်လား ဘာများလဲ ပြောပြ''

ထူးခြားသူမနှာခေါင်းလေးကိုဆွဲညှစ်လိုက်ပြီး

''surpriseပါဆိုပြောပြစရာလား''

''မပြောပြလည်းနေပေါ့''

ထူးခြားကုတင်ပေါ်မှာဝင်ထိုင်လိုက်ပြီးသူမလက်ကိုဆွဲကာသူ့ပေါက်ပေါ်မှာထိုင်စေလိုက်ပြီးခါးလေးကိုတင်းတင်းဖက်၍

''ကလေးမွေးပြီးမှပဲကိုယ့်ဇနီးလေးကပိုလှလာတယ်နော်''

''လာချွဲနေပြန်ပြီ ဘာလိုချင်လို့လဲ''

ထူးခြားမျက်နှာကိုရှေ့တိုးပေးပြီး

''ကိုကို့ကိုခုချိန်ထိပန်းလေးဘက်စမနမ်းဖူးဘူးမလား အခုနမ်း''

''ကိုကိုကလည်း''

''လုပ်ပါ''

ပန်းလေးအနည်းငယ်ပြုံးလိုက်ပြီးမှကိုကို့နှုတ်ခမ်းအားထိတယ်ဆိုရုံနမ်းလိုက်ကာ

''ရပြီလား''

''ပါးရော''

''ကိုကိုကကလေးကျနေတာပဲ''

You've reached the end of published parts.

⏰ Last updated: Mar 05 ⏰

Add this story to your Library to get notified about new parts!

I just wanna be your lover[completed]Where stories live. Discover now