Part.15

3.2K 61 0
                                    


Unicode

''ကိုကို...ကိုကိုလို့''

အိပ်မောကျနေတုန်းလက်မောင်းကိုခပ်ကြမ်းကြမ်းလှုပ်နှိုးခံလိုက်ရ၍ထူးခြားအိပ်ပျော်နေရာမှနိုးလာရ၏။

''ဟင် ဘာလဲပန်းလေး''

''ဗိုက်ဆာလို့''

''ဟင် မအိပ်ခင်ကမှကြေးအိုးစားထားတာလေ''

''ခုထပ်ဆာနေပြန်ပြီ''

ထူးခြားအိပ်နေရာမှထလိုက်ပြီး

''ကဲ ဘာစားချင်လဲပြော''

''ဘာနေနေရတယ်''

''မီးဖိုချောင်ထဲဘာရှိလဲသွားကြည့်ရအောင် လာ''

ကိုကိုကသူမလက်ကိုဆုပ်ကိုင်ပြီးအခန်းထဲမှထွက်လာခဲ့၏။

အောက်ထပ်ကိုရောက်တော့မီးဖိုချောင်ထဲမှာသူဟိုဟိုဒီဒီရှာရင်းဂျုံခေါက်ဆွဲခြောက်ကိုသွားတွေ့လေသည်။

''ပန်းလေး ခေါက်ဆွဲကြော်စားမလား''

''စားမယ်လေ''

''ကြာတော့ကြာမယ်နော် ခေါက်ဆွဲကလည်းပြုတ်ရဦးမှာဆိုတော့''

''ကိုကိုကကြော်တတ်လို့လား''

သူပြုံးရုံသာပြုံးပြီးခေါက်ဆွဲတစ်ဝက်လောက်ကိုယူကာအရင်ပြုတ်ထားလိုက်၏။
ခေါက်ဆွဲပြုတ်ထားတုန်းရေခဲသေတ္တာထဲကရှိတဲ့အသီးအနှံတွေကိုထုတ်ကာလှီးချွတ်ထားလိုက်သည်။

''ဂေါ်ဖီထုပ်နည်းနည်းပဲထည့် မကြိုက်ဘူး မုန်လာဥနီပိုထည့်''

''ဟုတ်ပါပြီ''

သူပြုတ်ထားတဲ့ခေါက်ဆွဲတွေအိလာတော့ပန်းလေးကအိုးထဲကဆယ်ထုတ်ပြီးရေအေးနဲ့ဆေးထားလိုက်ပြီး။
သူကတော့အရန်သင့်လှီးထားတဲ့အသီးအနှံတွေကိုကြော်နေလိုက်သည်။

ပြီးတာနဲ့ခေါက်ဆွဲထည့်ပြီးဆက်ကြော်ကာနောက်ဆုံးမှာခေါက်ဆွဲကြော်ပူပူနွေးနွေးမွှေးမွှေးလေးကပန်းလေးရှေ့သို့ရောက်လာလေ၏။

''ကဲ စားလို့ရပြီသခင်မလေး''

''ကိုကိုကအရမ်းချစ်ဖို့ကောင်းတာပဲ''

ပြောပြီးသူမခေါက်ဆွဲကြော်အားတူနဲ့ညှပ်ယူကာစားလိုက်သည်။

I just wanna be your lover[completed]Where stories live. Discover now