Part.11

3.3K 70 0
                                    


Unicode

အချစ်ဆိုတာမျိုးကဘယ်အချိန်မှာချစ်မိနေပါပြီဆိုပြီးလက္ခဏာပြတတ်သလဲ။
ဘာကိုကြည့်ပြီးလူတစ်ယောက်ကိုချစ်မိနေပြီလို့သတ်မှတ်သလဲ။

သေချာတာတော့မေမီနဲ့တုန်းကနဲ့မတူပဲအခုသူမလေးကိုကျမှပိုပြီးအလေးအနက်ဖြစ်နေမိတာသူဝန်ခံရမည်။
သူမကသူ့ဇနီးဖြစ်နေလို့ပဲလားမပြောတတ်ပေမယ့်အခုသူ့လက်ရှိစိတ်အခြေအနေကသူမမျက်နှာလေးညှိုးနေတာတောင်မှမြင်နိုင်စွမ်းရှိမနေ။

အချိန်တိုအတွင်းပေါက်ဖွားလာပေမယ့်အလေးအနက်နဲ့ချစ်မိသွားပြီထင်ပါတယ်။

''ကိုကို ဘာတွေတွေးနေတာလဲ''

သူ့ကိုအင်္ကျီကြယ်သီးတပ်ပေးနေတဲ့သူမမျက်နှာလေးကိုကြည့်ကာအတွေးလွန်နေတုန်းသူမဆီမှစကားသံ​ကြောင့်သူသတိပြန်ဝင်လာရသည်။

''ဘာမှမတွေးပါဘူး''

အခုပန်းလေးကလည်းအရင်ကထက်အများကြီးမိန်းကလေးဆန်လာပြီပင်။
မနက်သူဆေးရုံမသွားခင်သူ့အတွက်အဝတ်အစားထုတ်ပေးကာအင်္ကျီပါဝတ်ပေးတတ်နေပြီ။
ပြီးတော့ကိုယ်ကိုယ်ကိုလည်းကျွန်တော်အစားပန်းလေးလို့သုံးနှုန်းတတ်လာပြီ။

''ဟုတ်လို့လား ဘယ်မိန်းမအကြောင်းတွေးနေတာလဲ''

''ပန်းစကားဆိုတဲ့ကောင်မလေးအ​ကြောင်း''

''အပိုတွေ''

ရုတ်တရက်သူမနဖူးလေးပူနွေးသွားရ၍သူမလက်တွေကလေထဲမှာတင်ရပ်တန့်သွားလေသည်။

''ကိုကိုဘာလုပ်တာလဲ''

''ကိုယ့်မိန်းမကိုမနမ်းရဘူးလား''

''မနမ်းနဲ့''

''အဲလိုပြောမှပိုနမ်းချင်လာပြီ''

ပန်းလေးကိုကို့ဗိုက်ခေါက်ကိုဆွဲလိမ်ကာ

''နာချင်တာလား''

''အ့ အ့ နာတယ်ပန်းလေးရဲ့''

''နည်းသေးတယ် သွားမယ်''

သူနဲ့ပန်းလေးလက်ချင်းတွဲပြီးအောက်ထပ်ငိုဆင်းလာခဲ့လိုက်၏။

''ကိုကို့ကိုဒီနေ့ပန်းလေးနေ့လည်စာလာပို့မယ်နော်''

''အံမယ် ​ကြားသားမိုးကြိုး''

I just wanna be your lover[completed]Where stories live. Discover now