Part.2

3.3K 82 0
                                    


Unicode

ထူးခြား မေမီ့ထံဖုန်းတွေတောက်လျှောက်ခေါ်နေပေမယ့်သူမဖုန်းကခုထိခေါ်မရသေး။သူ့ဖုန်းကိုblockထား၍အိမ်ကဖုန်းနဲ့ရော သူ့အမေဖုန်းနဲ့ရော ခမ်းနားဖုန်းနဲ့ပါဆက်တာတောင်သူမကဖုန်းမကိုင်။
ခုဆိုတစ်ပတ်​တောင်ရှိပြီ။ဆေးရုံကိုလည်းခွင့်ယူထားပြီးသူမအိမ်ကိုသွားတွေ့တော့လည်းထွက်မတွေ့။
သူမမိဘတွေကလည်းသူတို့သမီးကိုသူနဲ့တွေ့စေချင်တဲ့အရိပ်အယောင်ကမပြ။

''မင်းဟာကမဟုတ်သေးပါဘူး ခုလောက်ထိဖြစ်စရာလိုလား ဒါပြဿနာအကြီးအကျယ်တက်စရာကိစ္စလည်းမဟုတ်ဘူး ဒါကြီးကတစ်ဖက်သတ်ဆန်နေတယ်နော် အနည်းဆုံးတော့ရှင်းပြတာကိုနားထောင်ရမှာပေါ့''

ခမ်းနားပြောလည်းပြောချင်စရာ။သူမကဘာဆိုဘာမှအပြောမခံတာတော့မဟုတ်သေး။

''ငါတော့ဟိုပန်းစကားဆိုတဲ့ကောင်မလေးကိုပဲမကျေနပ်ဘူးကွာ ဒါသူမွှေလို့ကွ''

''မင်းကောင်မလေးကအရင်မနေနိုင်မထိုင်နိုင်သွားပြောတာလေ ဟိုကပါးမရို.က်တာပဲကံကောင်းနေပြီ''

''ပါးတော့မရိုက်ဘူး ဖိနပ်နဲ့ပဲပေါက်သွားတာ''

ထိုစဥ်သူ့လက်ထဲကဖုန်းလေးကအသံမြည်လာ၍သူဝမ်းသာအားရကြည့်လိုက်တော့ဖုန်းခေါ်လာသူကသူမျှော်နေသူမဟုတ်ပဲချစ်တေးဖြစ်နေလေ၏။

''ဟဲလို''

''ဟဲလိုကိုကို ကိုကိုခမ်းနားဆီကနေချစ်​တေးအကြောင်းစုံသိပြီးပြီ''

''အင်း''

''တစ်ဖက်မိန်းကလေးကကိုကိုနဲ့သူသိနေတဲ့ပုံစံလည်းမဖမ်းဘူးမလား''

''မဖမ်းပါဘူး သူကကိုကို့ကိုသိတောင်သိရဲ့လားမသိဘူး''

''ဒါဆိုသူပေးခဲ့တဲ့လိပ်စာတစ်ခုတည်းကြောင့်ခုလိုပြဿနာတက်တာပေါ့''

''ဟုတ်တယ်''

''ဟမ် ဘယ်လိုကြီးလဲ''

''အဲဒါပြောတာ ချစ်တေးကိုကို့ကိုအကြံပေးပါဦး''

''အဲ့တစ်ယောက်ကကိုကိုတို့အိမ်ဘေးကမလား သူနဲ့သေချာညှိနှိုင်းပြီးလိုက်ရှင်းပြခိုင်းရင်ရော''

I just wanna be your lover[completed]Where stories live. Discover now