Part.5

3.1K 81 0
                                    

Unicode

နောက်ဆုံးဘယ်လိုမှငြင်းမရတဲ့အဆုံးသူတို့နှုတ်ဆိတ်နေလိုက်ရ၏။
မိသားစုဝင်တွေကိုရှင်းပြနိုင်တယ်ဆိုရင်တောင်မှ တစ်ခြားသူတွေကိုတော့အကုန်လိုက်ရှင်းပြဖို့မလွယ်။

အခုဆိုဦးနေမင်းဆက်ကလည်းသူ့သားမိန်းမယူလိုက်တဲ့အကြောင်းဖုန်းဆက်မေးလာသူမှန်သမျှကိုအမှန်ဖြစ်ကြောင်းပြောလိုက်ပြီးမင်္ဂလာပွဲထပ်ကျင်းပမယ့်အကြောင်းပါတစ်ပါတည်းပြောလိုက်တာမို့သူတို့ကိစ္စကလမ်းဆုံးသွားပြီလေ။

ဗိုက်ကိစ္စတောင်မှသူတို့သွေးအေးတဲ့အချိန်သေချာရှင်းပြလိုက်လို့မဟုတ်ကြောင်းငြင်းနိုင်ခဲ့တာ။

ပန်းစကားတို့ခြံထဲတွင်...

''မင်းတွေ့လား မင်းရှေ့နောက်မကြည့်ပြောလိုက်တာဘယ်လောက်အမှုကြီးသွားလဲလို့''

''ကျွန်တော့်ကိုအပြစ်လာတင်မနေနဲ့ ခင်ဗျားအဆက်ဟောင်းကြီးကိုသွားပြောပါလား သူအာချောင်လို့ဖြစ်တာ''

''သူ့အကြောင်းငါအသိဆုံး သူရှုံးနိမ့်သွားတဲ့ကိစ္စကိုသူလူတစ်ကာကိုလိုက်ပြောမယ်ထင်လား''

''အံမယ် အဲလောက်အတွင်းသိအဆင်းသိဆိုလည်းသူနဲ့ပြန်ပေါင်းထုပ်လိုက်လေ ခင်ဗျားနဲ့ကျွန်တော်လည်းဇာတ်လမ်းပြတ်ရော''

''ငါပြန်ပေါင်းထုပ်ချင်ရင်မင်းနဲ့ဒီလိုတောင်မဖြစ်လာဘူး''

''မသိဘူးဗျာ မြှားနတ်မောင်အစုတ်ပလုတ်ကောင်ကလည်းငါ့ကိုမှရွေးပြီးလာပစ်ရတယ်လို့ ယောကျ်ားမယူချင်ပါဘူးဆို တစ်ခြားယောကျ်ားလိုချင်တဲ့သူကိုသွားပစ်ပါလား ရတော့လည်းကြည့်ဦး ပိုးဟပ်ဖြူလိုလူနဲ့တဲ့ စဥ်းတောင်မစဥ်းစားဖူးဘူး''

''မင်းတင်လား ငါလည်းငါ့တစ်သက်နဲ့တစ်ကိုယ်မင်းလိုချာတူးလန်အောင်ဆိုးတဲ့သူနဲ့လက်ထပ်ရမယ်လို့မထင်ခဲ့မိဖူးဘူး''

''ဘာ! ဟေ့လူ စကားကိုကြည့်ပြောနော် ဆွဲထိုးခံရမယ်ဘာမှတ်နေလဲ ကြိုပြောထားမယ်နော် လက်ထပ်တာမှန်ပေမယ့်ညီအစ်ကိုလိုပဲနေမှာနော် ဟိုကိစ္စဒီကိစ္စတွေကျွန်တော့်ကိုလာမလုပ်နဲ့''

I just wanna be your lover[completed]Where stories live. Discover now