Part.4

2.9K 74 0
                                    


Unicode

သူအရင်ကတစ်ချိန်လုံးစောင့်မျှော်ခဲ့ရတဲ့ဖုန်းနံပါတ်လေးကအခုသူ့ဆီသို့ဝင်လာခဲ့ပြီပင်။

မေမီဆိုတဲ့နာမ်စားအားသူစူးစိုက်ကြည့်ရင်းဖုန်းကိုအသံပိတ်ကာစားပွဲပေါ်မှောက်ပစ်လိုက်၏။

ခဏနေတော့မက်ဆေ့ချ်ဝင်လာသံကြား၍သူဖွင့်ကြည့်လိုက်တော့မေမီကမ​က်ဆေ့ချ်ပို့လာတာပါ။

''ဖုန်းကိုင်ပါမောင်ရယ် မေမီရှင်းပြပါရစေ အဲလူနဲ့ကမေမေတို့သဘောတူစီစဥ်ခဲ့လို့ပါ မေမီမောင့်ကိုပဲချစ်တာပါ''

ချက်ချင်းဆိုသလိုသူမထံမှဖုန်းထပ်ဝင်လာတော့သူကိုင်လိုက်ပြီး

''ပြော''

''မောင် မေမီပို့တဲ့စာမောင်ဖတ်ရတယ်မလားဟင်''

''အင်း မင်းနဲ့ငါနဲ့ဇာတ်လမ်းကပြီးသွားပြီနော် မင်းငါ့ကိုထပ်မဆက်သွယ်နဲ့ ငါမင်းကိုဘယ်တော့မှပြန်လက်ခံမှာမဟုတ်ဘူး မင်းကငါ့စိတ်ထဲမှာဘယ်လိုဖြစ်တည်မှုမျိုးနဲ့မှမရှိတော့တာ''

ပြောပြီးသူဖုန်းချကာသူမဖုန်းနံပါတ်ကိုပါblockပစ်လိုက်သည်။
ဒီလိုမိန်းမကိုသူဘာများကြည့်ပြီးချစ်ခဲ့မိမှန်းမသိ။

ထိုစဥ်

''အန်တီခြယ် အန်တီခြယ်''

ဒီအသံကိုခွေးချီသွားနောတောင်သူမှတ်မိပါသည်။
သူအောက်ထပ်ကိုဆင်းလာတော့ပန်းစကားကအိမ်ပေါက်ဝမှာရပ်ကာချိုင့်တစ်ခုကိုဆွဲကာအော်ခေါ်နေလေ၏။

''အန်တီ အဲ brother ဆေးရုံမသွားဘူးလား''

''နေမကောင်းလို့ခွင့်ယူထားတာ ဘာကိစ္စလဲ''

သူမကချိုင့်ကိုမြှောက်ပြပြီး

''အိမ်မှာကြာဆံချက်ချက်လို့လာပို့ပေးတာ အန်တီခြယ်ရော''

''မေမေကဆိုင်ကိုသွားပြီ ပေးပေး ငါချိုင့်လှယ်ပေးမယ်''

''အင်း မြန်မြန်လုပ် ပြီးကျရင်အန်တီတကူးနဲ့အန်တီယိမ်းကိုသွားပို့ရဦးမှာ''

''အင်းပါ ဧည့်ခန်းထဲမှာခဏထိုင်စောင့်နေ''

''အင်း''

I just wanna be your lover[completed]Where stories live. Discover now