Part.8

2.9K 74 0
                                    


Unicode

ပြက္ခဒိန်ကမှင်နီနဲ့ဝိုင်းထားတဲ့ဒိတ်လေးကိုကြည့်ပြီးပန်းလေးတစ်ယောက်ရင်ထဲအေးခနဲဖြစ်သွားရ၏။

''မနက်ဖြန်ဆိုငါယောကျ်ားရပြီပဲ''

မနက်ဖြန်ဆိုတာကလည်းတစ်ကယ်ကိုခဏလေးနဲ့ရောက်လာတော့မှာ။

''အဖေနဲ့အမေရှိနေရင်သိပ်ကောင်းမှာပဲ''

အိမ်ထောင်သည်ဆိုတဲ့ဘဝကိုဘာပြင်ဆင်ထားခြင်းမှမရှိတဲ့သူမအတွက်အရာရာကလွယ်ကူချောမွေ့နေပါ့မလား။

ယောက္ခမနဲ့ချွေးမစစ်ပွဲတွေဆိုတာကလည်းအများကြီး။
ဒေါ်ငွေခြယ်မှုန်းကခုတော့သဘောကောင်းနေပေမယ့်ကြာလာရင်သူမအပေါ်ငြိုငြင်လာမှခက်ဦးမည်။

''ဟား တော်ပြီတော်ပြီ ငါနဲ့သူကလည်းအကြာကြီးပေါင်းမှာမှမဟုတ်တာ ထားလိုက် ဘာမှတွေးမနေနဲ့တော့''

သူမခေါင်းကိုခါထုတ်ကာကုတင်ပေါ်တက်လှဲလိုက်၏။

''နင်ကဘယ်သူမို့လို့လဲ ပန်းစကားလေ နင့်ကိုဘယ်သူမှမထိရဲဘူး ဟုတ်တယ် ငါကအော့ကြောလန်မပဲ''

သူမကိုယ့်ဘာသာစကားတွေပြောရင်းမျက်လုံးလေးတွေမှေးစင်းလာလေ၏။
ခုအိပ်ပျော်သွားပြီးပြန်နိုးလာရင်သူမယောကျ်ားရပြီ။

__________

နောက်တစ်နေ့...

မနက်လေးနာရီလောက်ကတည်းကအိပ်ရာထပြီးမင်္ဂလာပွဲကျင်းပမယ့်ဟိုတယ်ကိုသွားကာမိတ်ကပ်လိမ်းပြင်ဆင်ရတာမို့ပန်းလေးတစ်ယောက်အ​ေ.သအလဲအိပ်ချင်နေပါပြီ။

''ဒီလိုမှန်းသိဆည်းဆာဆောင်ပါတယ် အဲဒါဆိုခုလိုအိပ်ရေးပျက်ခံနေရမှာမဟုတ်ဘူး စိတ်ပိန်လိုက်တာ''

သူမတို့ကမင်္ဂလာပွဲကိုအရှေ့တိုင်းပုံစံပဲဆောင်မှာဖြစ်ပြီးထိုင်မသိမ်းဝတ်ရမည့်ကိုယ့်အဖြစ်ကိုတွေးကာငိုချင်လာရပြန်သည်။

''ရုံးတက်လက်မှတ်ထိုးလိုက်ရင်ပြီးနေပြီကို ဘယ်လိုနေနေဒီလူနှစ်​ယောက်ပဲပေါင်းရမှာမဟုတ်ဘူးလား''

သူမနှုတ်ကပွစိပွစိပြောနေရင်းနဲ့ပဲမိတ်ကပ်လည်းလိမ်းလို့ပြီးသွားသလိုဆံပင်လည်းပြင်လို့ပြီးသွားလေ၏။

I just wanna be your lover[completed]Where stories live. Discover now