Part.14

3.2K 68 0
                                    


Unicode

''ထက်မြတ်သာ ထူးခြားဘာလို့ဆေးရုံကနှုတ်ထွက်သွားလဲနင်သိလား''

ထူးခြားကကောက်ခါငင်ခါကြီးအလုပ်ထွက်သွားတာကြောင့်အကြောင်းအရင်းကိုသိချင်၍မေမီတစ်ယောက်ထက်မြတ်သာကိုလာမေးရခြင်းပင်။

''သူ့ဇနီးကြောင့်လို့ပြောတာပဲ ကြည့်ရတာသူ့ယောကျ်ားနားအမှိုက်သရိုက်တွေရှိနေလို့သူ့မိန်းမကစိတ်မချပြီးထွက်ခိုင်းတာနေမှာပေါ့''

ထက်မြတ်သာကလည်းနဂိုကတည်းကမေမီ့ကိုဆိုအကြောမတည့်သူမို့ဘုတောတောကာဖြေပစ်လိုက်၏။

''ဘာ! နင်ဘာစကားပြောတာလဲ''

''ဘာလဲ ငါပြောတဲ့ထဲဘာများအမှားပါလို့လဲ ငါလည်းဖြစ်နိုင်ချေကိုပြောတာပါ''

မေမီတစ်ယောက်ဒေါသကြောင့်နီရဲလာသောမျက်နှာကိုပင်မဖုံးမဖိနိုင်ပဲသူ့ရှေ့မှလှည့်ထွက်သွားလေ၏။

''နင်ရှိနေလို့ဟေ့''

သူမ ထွက်သွားမှထက်မြတ်သာခပ်တိုးတိုးရေရွတ်လိုက်လေသည်။

_________

အချိန်အားဖြင့်ညဆယ်နာရီခန့်ဖြစ်သည်။

သူရောပန်းလေးရောအိပ်ပျော်လုဆဲဆဲမှာပဲသူ့ဖုန်းထံဖုန်းဝင်လာ၍နှစ်ယောက်လုံးပြန်နိုးလာရ၏။

''ဒီအချိန်ကြီးဘယ်သူလဲကွာ''

သူဖုန်းကိုယူကြည့်တော့နာမည်ကမပါ။

''ဟဲလို''

''ဟဲလို မောင်''

ဘယ်လိုပဲဗလုံးဗထွေးသံဖြစ်နေပါစေဒါမေမီ့အသံဆိုတာသူမှတ်မိသည်။
သူဖုန်းပြောရင်းမှအိပ်ရာကထလိုက်တော့ပန်းလေးကလည်းသူနဲ့တစ်ပါတည်းအိပ်နေရာမှထထိုင်လိုက်၏။

ထူးခြား သူ့အားအိပ်ချင်မူးတူးရုပ်လေးနဲ့ကြည့်နေသောပန်းလေးကိုတစ်ချက်လှမ်းကြည့်ပြီးမှ

''ဘာကိစ္စလဲ''

''ဘယ်သူလဲကိုကို''

ပန်းလေးကခပ်တိုးတိုးမေးလာတော့ထူးခြားဘာမှမပြောပဲစပီကာဖွင့်ကာပန်းလေးနားတိုးလိုက်ပြီး

''မေမီမောင့်ကိုလွမ်းလို့ အဟင်း''

အရက်ကိုရေလိုသောက်တတ်သူပီပီ ဒီအသံကတစ်ကယ်မူးတာလားလုပ်ကြံတာလားဆိုတာပန်းလေးသိပြီးသား။

I just wanna be your lover[completed]Where stories live. Discover now