Part.3

2.9K 77 0
                                    

Unicode

သူနဲ့မေမီပြတ်သွားတဲ့သတင်းကခုဆိုဆေးရုံတစ်ခုလုံးမှာဟိုးလေးတကျော်ကျော်နှင့်။

သူပြန်ကြားရတဲ့သတင်းတွေကတော့သူကတစ်ခြားမိန်းကလေးနဲ့ပတ်သက်လို့သူမလမ်းခွဲလိုက်တာပါတဲ့။
ကိုယ်မှန်ရင်ခေါင်းဘယ်မှမရွေ့ဘူးဆိုတဲ့စကားကြောင့်ရောဘယ်သူ့ကိုမှပြဿနာမရှာပဲကိုယ့်ဘာသာနေတတ်တဲ့အကျင့်ကြောင့်ရောမို့သူထိုကိစ္စအားမသိချင်ယောင်ဆောင်ထားလိုက်သည်။

ခမ်းနားနဲ့ချစ်တေးကတော့သူ့အစားဒေါပွလို့။
သူကတော့ဒေါသမထွက်မိပေမယ့်သူ့ရင်ထဲမှာသူမအားခါးခါးသီးသီးကိုဖြစ်သွားခဲ့မိတာပါ။

သူလူတွေရဲ့အကြည့်တွေကိုလျစ်လျူရှုကာသူလုပ်စရာရှိတာလုပ်၍သူ့လူနာတွေအခြေအနေကိုကြည့်ဖို့သွားနေတုန်း

''brother''

သူ့ကိုဒီလိုခေါ်တဲ့မိန်းကလေးကဟိုငတိမတစ်ယောက်သာရှိသည်။
သူနောက်ကိုလှည့်ကြည့်လိုက်တော့သူထင်ထားသလိုပန်းစကားပါပဲ။

သူမကအရွှေ့ကိုဝှီးချဲပေါ်တင်ကာခေါ်လာပြီးမှအရွှေ့အားသူမတို့ကိုခေါ်လာပေးတဲ့nurseနဲ့ထားခဲ့ပြီးသူမကတော့သူ့ဆီပြေးလာကာ

''အတော်ပဲ အရွှေမကိုကြည့်ပေးဦး ချော်လဲလာလို့ ခြေထောက်ကျိုးသွားသလားလို့''

ထူးခြားnurseအား

''ဆရာမ လူနာကိုခေါ်ခဲ့လိုက်''

''ဟုတ်ကဲ့''

သူမအားအဖတ်မလုပ်ပဲနေရာမှလှည့်ထွက်သွားသောထူးခြားအားပန်းလေးမကျေမချမ်းကြည့်ကာနောက်ကလိုက်သွားလိုက်သည်။

''ငါ့ကိုအဖတ်တောင်မလုပ်ဘူး''

ထူးခြား အရွှေ့ခြေထောက်ကိုစစ်ဆေးပေးပြီး

''ဘာမှမဖြစ်ပါဘူး အရွတ်လေးနည်းနည်းထိသွားရုံပါ အရိုးလည်းမထိလို့စိတ်မပူပါနဲ့ လိမ်းဆေးနဲ့သောက်ဆေးပေးလိုက်မယ် ဒီတစ်ရက်နှစ်ရက်လောက်ကတော့ခြေထောက်ကိုမလှုပ်ရှားသေးနဲ့ဦး ​ညနေကျွန်တော်အိမ်ပြန်ရောက်တဲ့အခါတစ်ခေါက်ထပ်လာကြည့်ပေးမယ်''

I just wanna be your lover[completed]Where stories live. Discover now