Part.7

3K 82 0
                                    


Unicode

ညကအတော်လေးမူးကွဲထားတာမို့မနက်မိုးလင်းတော့ပန်းလေးတစ်ယောက်တော်တော်နဲ့မျက်လုံးမဖွင့်နိုင်။

''ခေါင်းကိုက်လိုက်တာ''

သူမမျက်လုံးကိုအားယူကာဖွင့်ရင်းအခန်းထဲဝေ့ဝဲကြည့်ကာ

''ငါ့အခန်းလည်းမဟုတ်ဘူး နေပါဦး ငါဘယ်ရောက်နေတာလဲ''

သူမခေါင်းအေးအေးထားကာစဥ်းစားကြည့်တော့သူမအတွေးထဲပုံရိပ်တစ်ချို့နဲ့စကားတစ်ချို့အားပြန်ကြားယောင်လာလေသည်။

''နင်တို့နှစ်ယောက်တစ်ခန်းယူလိုက်ပါလား''

''ဘယ်ဖြစ်မှာလဲ''

''ဘာရယ် ဘာကိုမဖြစ်တာလဲဟမ် ဒါငါ့ယောကျ်ား တူတူအိပ်တော့ဘာဖြစ်လို့လဲ လင်မယားတွေအတူမအိပ်လို့​ဗိုလ်ကျားသေနတ်ထိုင်ဆော့နေရမှာလား''

''အစ်မ အခန်းယူမယ် ကျွန်တော့်ယောကျ်ားနဲ့ကျွန်တော်အတူအိပ်မယ် နော်ယောကျ်ား အတူအိပ်မယ်မလား''

''လမ်းမလျှောက်နိုင်ဘူး ချီသွား''

''ဟမ်''

''ဘာလဲ ဘုရင်မလိုထားမှာဆို ညာတာလားပြော''

''အားးးး''

ပန်းလေးတစ်ယောက်အိပ်နေရာကချက်ချင်းထထိုင်ပြီးနားနှစ်ဖက်ကိုအုပ်ကာအော်လိုက်မိသည်။

''​ေ.သပါပြီ အရှက်တော့ကွဲပါပြီဟ ဘာလို့အဲလိုတွေသွားပြောရတာလဲ''

သူမခုမှကိုယ့်ကိုယ်ကိုပြန်ငုံ့ကြည့်ပြီး

''ငါ့အင်္ကျီကဘယ်လိုဖြစ်ပြီး နေဦး ငါညကbrotherနဲ့အတူအိပ်ခဲ့တာလား ငါ့အင်္ကျီကသူလဲပေးထားတာလား သူကရောဘယ်သွားနေတာလဲ မဟုတ်မှ သူငါ့ကို''

သူမကိုယ့်အတွေးနဲ့ကိုယ်ငယ်ထိပ်တည့်တည့်မိုးကြိုးပစ်ခံလိုက်ရသလိုခံစားလိုက်ရလေသည်။

''ဒီခွေး''

ထိုစဥ်အခန်းတံခါးပွင့်လာပြီးထူးခြားတစ်ယောက်အိတ်တစ်အိတ်ကိုဆွဲကာအခန်းထဲပြန်ဝင်လာလေသည်။

ရုတ်တရက်မို့သူတို့နှစ်ယောက်အကြည့်ချင်းဆုံကာတစ်ယောက်မျက်နှာတစ်ယောက်စိုက်ကြည့်နေရင်းမှပန်းလေးကထူးခြားအားခေါင်းအုံးနဲ့လှမ်းပစ်ပြီး

I just wanna be your lover[completed]Where stories live. Discover now