Part.9

3.1K 67 0
                                    


Unicode

မနက်မိုးလင်းတော့ထူးခြားသူ့အားတစ်ခုခုကဖိထားတယ်ခံစားရ၍မျက်လုံးဖွင့်ကြည့်လိုက်တော့မယ်မင်းကြီးမလေးကသူ့ပေါ်လာတက်အိပ်နေတာပါ။

သူ့ရင်ဘတ်မှာပါးအပ်ပြီးသူ့ဗိုက်ကိုမွေ့ယာများထင်နေသလားမသိရအောင်တော်တော်လေးကိုအိပ်မောကျနေလေ၏။

သူခန္ဓာကိုယ်ကိုအသာလှည့်လိုက်တော့သူမကအိပ်ရာပေါ်ပြန်ရောက်သွားပြီးသူကသူမပေါ်ရောက်သွားကာနှာခေါင်းချင်းထိကပ်၍သွားလေသည်။

သူပြန်ခွာဖို့လုပ်တော့သူမကသူ့လည်ပင်းအားသိုင်းဖက်လာပြီးခါးကိုလာခွပြန်လေ၏။

''ပန်းလေး လွှတ်ဦး ဟိတ်''

သူမကအိပ်ချင်မူတူးနှင့်

''ဘာလဲ အိပ်နေတာကို''

''ငါဆေးရုံသွားရဦးမှာ ထတော့လို့''

သူပန်းလေးပါးလေးအားမနာအောင်အသာဆွဲပြီးနှိုးတော့သူမကမျက်ခွံလေးတွေလှုပ်လာပြီးမျက်လုံးလေးတွေပွင့်လာလေ၏။

အိပ်ရာနိုးနိုးချင်းနီးကပ်လွန်းနေတဲ့အနေအထားကြောင့်ပန်းလေးကအလန့်တကြားနဲ့သူ့အားတွန်းလွှတ်ပြီးအိပ်ရာမှထလိုက်စဥ်ခေါင်းထဲကသိသိသာသာထိုးကိုက်သွားလေသည်။

''အာ့ ​ေ.သပါပြီ ခေါင်းကိုက်လိုက်တာ''

''နည်းသေးတယ် မတရားသဖြင့်သောက်ထားတာကိုး''

ပန်းလေးကမှုန်ကုပ်ကုပ်နဲ့သူ့အားလှည့်ကြည့်ကာ

''သူများဖြစ်နေတာကိုဝမ်းသာနေတယ်ဟုတ်လား''

''ဟုတ်တယ် နောက်တစ်ခါအပြင်ထွက်ပြီးအဲလိုသောက်ရင်အခန်းထဲတံခါးသော့ပိတ်ထားမယ်ကြားလား''

''အောင်မာ''

ပန်းလေးဘာမှပြန်မပြောနိုင်သေးခင်မှာပဲသူကကုတင်ပေါ်ကဆင်းကာရေချိုးခန်းထဲဝင်သွားပြီဖြစ်သည်။

''ကြည့်လို့ကိုမရဘူး ခေါင်းကလည်းကို.က်လိုက်တာဟ ကျွတ် ကျွတ်''

ထူးခြားရေချိုးခန်းထဲကထွက်လာတာနဲ့သူမပါတစ်ပါတည်းရေမြန်မြန်ဝင်ချိုးလိုက်၏။
လူတစ်ကိုယ်လုံးလည်းအရက်နံ့တွေနံထောင်းနေပြီလေ။

I just wanna be your lover[completed]Where stories live. Discover now