Part.10

3.2K 70 0
                                    


Unicode

ပန်းလေးအိပ်ရာနိုးတော့သူမတစ်ကိုယ်လုံးမလှုပ်နိုင်အောင်နာကျင်ကိုက်ခဲ၍နေလေ၏။
ခေါင်းတစ်ခုလုံးလည်းအုံနေကာလူကအပူငွေ့တွေတရိပ်ရိပ်တက်နေသလိုပင်။

သူမနှာခေါင်းထဲတိုးဝင်နေတဲ့ကိုယ်သင်းနံ့ကြောင့်မျက်လုံးကိုအားယူကာဖွင့်ကြည့်တော့ကိုကိုကသူမအားသူ့ရင်ခွင်ထဲမှာအတင်းဖက်ထားလေသည်။

ပန်းလေး သူ့ကိုမော့ကြည့်ပြီးနှာခေါင်းလေးကိုလက်ညှိုးနဲ့ထိကာ

''လှလိုက်တဲ့နှာတံလေး''

''ဟတ်ချိုး''

သူမနှာချေလိုက်တော့ထူးခြားတစ်ယောက်အိပ်နေရာမှလန့်နိုးလာပြီး

''ပန်းလေး နိုးပြီလား''

ထူးခြား သူမနဖူးနဲ့ပါးကိုစမ်းကြည့်ရင်း

''ကိုယ်ပူနည်းနည်းကျန်နေတုန်းပဲ အခုဘယ်လိုနေသေးလဲ''

''အသားတွေနာနေတယ် ကိုကိုအတင်းဖက်ထားလို့''

''အာ''

ထူးခြားသူမအားအသာလွှတ်ပေးလိုက်၏။
ပြီးတော့အိပ်ရာမှထကာ

''မျက်နှာသစ်တော့မလား''

''အင်း''

ထူးခြားသူမအားဆွဲထူပေးပြီးရေချိုးခန်းထဲတွဲခေါ်လာလိုက်သည်။
ရေချိုးခန်းထဲရောက်တော့ပန်းလေးမှန်ထဲကကိုယ့်နှုတ်ခမ်းကိုအမြင်မှာ

''ဟင် ဘာဖြစ်ထားတာလဲ သွေးခြေဥနေတယ်''

သူမစကားကြောင့်ထူးခြားကမလုံမလဲနဲ့လည်ကုတ်ကိုပွတ်ရင်း

''မင်းကိုယ့်ဘာသာကို.က်မိတာနေမှာပေါ့''

''ဪ ဟုတ်မှာနော် ဒါပေမယ့်ညကလေ''

''ကဲပါ မျက်နှာသစ်ရအောင် ပြီးရင်မနက်စာစား ဆေးထပ်သောက်ရမယ်''

''သောက်ရဦးမှာလား''

ထူးခြားကသူမခေါင်းလေးကိုကိုင်ကာ

''အဲဒါမှအဖျားအမြစ်ပြတ်မှာပေါ့ လာသွားတိုက်မယ်''

''အင်း''

သူမမျက်နှာသစ်ပြီးတော့အဝတ်အစားလဲပြီးထူးခြားနဲ့အတူအောက်ထပ်ကိုဆင်းလာခဲ့လိုက်၏။
သူမတို့အောက်ထပ်ရောက်တော့ဒေါ်ငွေခြယ်မှုန်းကသူမအတွက်ဆန်ပြုတ်အရန်သင့်ကြိုထားပေးလေသည်။

I just wanna be your lover[completed]Where stories live. Discover now