Part.6

3.1K 76 0
                                    

Unicode

ဧည့်သည်တွေအများကြီးရှိနေတဲ့ပါတီထဲမှာအားလုံးနီးပါးရဲ့အကြည့်ကမေမီ့ထံသာပျံဝဲနေ၏။

''သူဒီပွဲကိုဘယ်မျက်နှာနဲ့လာရဲတာလဲ''

''သူကဆရာဝန်ဖြစ်ပြီးဘာသိက္ခာမှမရှိဘူး သူပြောဒေါက်တာထူးခြားကတစ်ခြားတစ်ယောက်နဲ့တွဲသွားလို့စိတ်နာပြီးတစ်ခြားသူနဲ့စေ့စပ်လိုက်တယ်ပြောတာနော် သူနဲ့စေ့စပ်လိုက်တဲ့သူရဲ့မယားကြီးပွဲလာကြမ်းမှသူတို့တွဲနေတာခြောက်လလောက်ရှိပြီမှန်းသိတာတော့''

''ဒေါက်တာထူးခြားကံဖယ်တာပဲ မဟုတ်ရင်နွားဖားကြိုးထိုးခံနေရဦးမယ် ခိခိ''

ပွဲပိုင်ရှင်မိန်းကလေးကလည်းသူ့အဖေနားကပ်ကာ

''ဒက်ဒီ ဘာလို့သူ့ကိုဖိတ်လိုက်တာလဲ''

''သူကလည်းဖေဖေတို့ဆေးရုံကဆရာဝန်ပဲလေသမီးရဲ့''

''သမီးတော့သူ့ကိုကြည့်လို့မရပါဘူး''

သူမကခင်ပွန်းဖြစ်သူဘက်လှည့်၍

''မောင် သူ့နားမကပ်နဲ့နော်''

''အင်းပါသဲရဲ့''

''ပြီးရော''

ထူးခြားဟိုတယ်ရှေ့မှာကားပါကင်ထိုးပြီးတာနဲ့ပန်းလေးဘက်ကိုလာကာကားတံခါးဖွင့်ပေးပြီးသူမလက်ကိုကိုင်ကာကားထဲကထွက်စေလိုက်၏။

''လူတွေကအများကြီးပဲလား အကုန်လုံးကဂုဏ်သရေရှိလူတွေပဲထင်တယ် ကျွန်တော်ပြန်မှထင်တယ်''

''မင်းယောကျ်ားကဆရာဝန်လေ မင်းကဆရာဝန်ကတော်ဆိုတော့ဂုဏ်သရေရှိအမျိုးသမီးပဲမဟုတ်ဘူးလား''

''ဘာယောကျ်ားလဲ ဘာဆရာဝန်ကတော်လဲ ခင်ဗျားနဲ့ကျွန်တော်မယူရသေးဘူးနော်''

''ဒါပေမယ့်လူတွေကမင်းနဲ့ငါ့ကိုဇနီးမောင်နှံတွေပဲထင်နေတာလေ အဲတော့အားလုံးကိုအလိုက်သင့်ဆက်ဆံ ပြီးတော့အရေးကြီးတာကကိုယ့်ကိုယ်ကိုကျွန်တော်လို့မသုံးမိစေနဲ့ သူများကိုလည်းခင်ဗျားတွေနင်တွေသွားမပြောနဲ့ အစ်ကိုတန်အစ်ကို အစ်မတန်အစ်မ ညီမတန်ညီမအဲလိုပြော ကိုယ့်ကိုလည်းကျွန်မဒါမှမဟုတ်နာမည်ပြော''

I just wanna be your lover[completed]Where stories live. Discover now