Part.13

3.3K 71 0
                                    


Unicode

ပန်းလေးရဲ့သတင်းကြားကြားချင်းထူးခြားတစ်ကယ်ကမ္ဘာကြီးတစ်ခုလုံးပြိုကျသွားသလိုခံစားခဲ့ရတာပင်။

သူဆေးရုံကနေချက်ချင်းထွက်လာပြီးပန်းလေးရှိနေတဲ့ဆေးရုံဆီရောက်လာကာသူမလေးရှိနေတဲ့အခန်းအားမေးမြန်းပြီးအပြေးတစ်ပိုင်းရောက်လာခဲ့၏။

သူရောက်သွားတော့ပန်းလေးနားမှာသူ့မိဘတွေရောပန်းလေးရဲ့အဒေါ်နဲ့အဖွားရော ချစ်တေးတို့လက်မယားအပြင်ခမ်းနားပါအတူရှိနေလေသည်။

''ပန်းလေး''

သူနှုတ်ကခေါ်ရင်းအိပ်ပျော်နေသလား သတိလစ်နေသလားမသိရသောသူမနားအပြေးသွားကာသူမလက်ကလေးကိုကိုင်၍ဖြူလျော့နေသောသူမမျက်နှာလေးကိုကြည့်ပြီးရင်ထဲမှာတဆစ်ဆစ်နာကျင်သွားရ၏။

''တောက်! ဘယ်သူလုပ်တာလဲ ပန်းလေးကိုခုလိုဖြစ်အောင်ဘယ်သူလုပ်တာလဲ အဲဒီလူကိုသ.တ်ပစ်မှာ ပြော!''

တစ်သက်နဲ့တစ်ကိုယ်ထူးခြားခုလိုအသားတဆတ်ဆတ်တုန်ကာမျက်နှာတစ်ခုလုံးနီရဲ၍ဒေါသအလိပ်လိပ်ထွက်နေတာကိုမမြင်ဖူးခဲ့ကြ၍အားလုံးကအထူးအဆန်းသဖွယ်ဖြစ်နေကြတာအမှန်ပင်။

''သား စိတ်ကိုလျှော့မှပေါ့ သမီးလေးနိုးသွားဦးမယ်''

''ဘယ်လိုလျှော့နိုင်မှာလဲမေမေ ဓားနဲ့ထိုးမိတာလေ အပ်နဲ့ထိုးမိတာမှမဟုတ်တာ ကျွန်တော်တစ်ချိန်လုံးကပန်းလေးကိုအသားနာအောင်လုပ်ဖို့မပြောနဲ့လေသံမာမာနဲ့တောင်​ပြောရက်ခဲ့တာမဟုတ်ဘူး အခုကြည့်ဦး သူ့ခမျာမချိမဆံ့နာကျင်နေရတာလေ ကျွန်တော်မကျေနပ်ဘူး အဲလူဘယ်သူလဲဆိုတာသာကျွန်တော့်ကိုပြောပါ အဲ့လူကိုတစ်ခုခုပြန်လုပ်ရမှကျေနပ်မှာ

''အဲဒါထက်''

ဒေါ်ငွေခြယ်မှုန်းဘယ်ကဘယ်လိုဆက်ပြောရမလဲမသိ။
သားကအခုတောင်ဒေါသမီးဟုန်းဟုန်းတောက်နေတာ။
အကယ်၍ပန်းလေးသာကိုယ်ဝန်လွယ်ထားရမှန်းသိရင်ပိုဆိုးကုန်တော့မှာပင်။

''ဟို သမီးလေးကလေ ကိုယ်ဝန်ရှိနေပြီတဲ့''

''ဗျာ''

သူ့ခေါင်းတစ်ခုလုံးချာချာလည်သွားရ၏။အကယ်၍အဲဒီဓားကပေါင်ကိုမဟုတ်ပဲ...။

I just wanna be your lover[completed]Where stories live. Discover now