Part.12

3.2K 68 0
                                    


Unicode

မနက်ခင်းရဲ့နေရောင်ခြည်ကပြတင်းပေါက်မှတစ်ဆင့်သူ့မျက်နှာပေါ်ဖြာကျလာရထူးခြားမျက်လုံးကိုအားယူကာဖွင့်လိုက်ရသည်။
အိပ်ရာဘေးကစားပွဲပေါ်မှာတင်ထားတဲ့ဖုန်းကိုယူကြည့်တော့8နာရီတောင်ထိုးနေပြီပင်။

ပန်းလေးတစ်ယောက်ကတော့သူ့ရင်ခွင်ထဲမျက်နှာအပ်ကာအိပ်မောကျနေဆဲ။

ထူးခြားသူမပါးလေးအားလက်မလေးနဲ့အသာပွတ်ရင်း

''ပန်းလေး ထတော့လေ 8နာရီထိုးနေပြီ''

ကိုကို့အသံကြောင့်သူမအကြောဆန့်ရင်းမျက်လုံးဖွင့်လိုက်စဥ်ကိုကိုကသူမအားပြုံးပြီးကြည့်နေ၍ချက်ချင်းပဲညကအဖြစ်အပျက်တွေကခေါင်းထဲပြန်ပေါ်လာရပြီးပန်းလေးစောင်ကိုခေါင်းမြီးခြုံလိုက်၏။

''ဘာဖြစ်တာလဲအဲဒါက''

''ဘာမှမဖြစ်ဘူး''

ထူးခြားစောင်ကိုဆွဲဖယ်တော့သူမကအတင်းပြန်ဆွဲထားပြန်သည်။

''ဟိတ်ကောင်မလေး ကိုကို့ကိုမကြည့်တော့ဘူးလား''

''အင်း''

''သေချာလား''

''အင်း''

ကိုကို့ထံမှဘာသံမှမကြားတော့၍သူမစောင်ကိုဖယ်ကြည့်လိုက်စဥ်ကိုကိုကသူမပေါ်မှအုပ်မိုး၍နှုတ်ခမ်းကိုအမိအရနမ်းလာတာကြောင့်ပန်းလေးအသံတောင်ထွက်ချိန်မရလိုက်။

ကိုကို့အနမ်းတွေကနှုတ်ခမ်းမှတစ်ဆင့်မေးဖျားဆီရောက်လာပြီးတ​ဖြည်းဖြည်းနဲ့သူမလည်တိုင်(လည်ချောင်း)ဆီရွေ့ဆင်းလာလေသည်။
ထို့နောက်ကိုကိုကနယ်ကျော်ဖို့ကြံလာတာမို့ပန်းလေးကိုကို့ရင်ဘတ်ကိုတွန်းကာ

''တော်ပြီကိုကို''

''ဘာလဲ တစ်ညတည်းနဲ့ကိုကို့ကိုရိုးသွားပြီလား''

ပန်းလေးကိုကို့လည်ပင်းကိုသိုင်းဖက်ပြီးပြုံးစေ့စေ့ရုပ်လေးနဲ့

''ဟုတ်တယ်ဆိုရင်ရော''

ထူးခြားသူမပါးလေးအားအသည်းယားစွာခပ်ဖွဖွကို.က်ပစ်လိုက်ပြီး

''အဲလိုအဖြစ်မခံနိုင်ဘူး သိလား''

ပြောပြီးသူမနှုတ်ခမ်းကိုဖျက်ခနဲနမ်းကာ

I just wanna be your lover[completed]Where stories live. Discover now