အခန်း (၂)

18 3 0
                                    

အချိန်ကားအာရုဏ်တက်ချိန်ဖြစ်၍မနီးမဝေးဘုန်းကြီးကျောင်းမှအုန်းမောင်းခေါက်သံကတစ်တောက်တောက်နှင့်သာယာနာပျော်ဖွယ်ထွက်ပေါ်လာသည်။ နှစ်ခြံကျော်လောက်တွင်မွေးမြူထားသောကိုအုန်းခင်ရဲ့တိုက်ကြက်ဖကြီးကလဲ အားကုန်ဟစ်ကာတွန်ကြူးလာလေ၏။

အမောင်တစ်ယောက်စောင်များကြားမှလုံးထွေးကာပိုမိုခြုံ၍ကွေးနေမိသည်။ အညာတွင်နွေဆိုလျှင်ကျောကွဲအောင်နေပူသလောက် ဆောင်းရာသီတွင်တော့အရိုးကွဲမတတ်အေးသည်မို့ နံနက်မလင်းခင်အိပ်ယာမှထဖို့ရာအလုပ်က အခက်ခဲဆုံးဟုပင်ဆိုနိုင်သည်အထိ။

သို့ရာတွင်ယနေ့တော့မထပြန်လျှင်လည်းမဖြစ်ပေ။ပုံမှန်နေ့များတွင်မိုးလင်းနေရောင်ခြည်ထွက်မှသားအမိနှစ်ယောက်အတွက်ချက်ပြုတ်ကာကြုံရာအလုပ်ရှာ၍လုပ်ရသည်။

ယနေ့တွင်တော့ကိုသက်ပြောသောဧည့်သည်အတွက်သူGuideလုပ်ပေးရမည်မို့မနက်၇နာရီအရောက်hotelသို့သွားရမည်။
ထို့ကြောင့်မိခင်အတွက်မနက်နေ့လည်စာချက်ပြုတ်ရန်ယခုအချိန်ထမှသာမှီနိုင်လိမ့်မည်မို့ အမောင့်မှာအအေးဒဏ်ကိုအံတု၍အိပ်ယာမှထလာပြီးအိမ်ဘေးစဥ့်အိုးတွင်မျက်နှာသစ်လိုက်သည်။

ပြီးနောက်သားအမိနှစ်ယောက်စာအတွက်ထမင်းဟင်းများချက်ပြုတ်၍မိခင်အိပ်ယာနိုးလျှင်အသင့်စားရန်ကောက်ညှင်းကိုအိနေအောင်ပေါင်းထားပေးကာနှမ်းကိုဆားလေးအနည်းငယ်ထည့်၍ထောင်းကာပန်းကန်အသေးလေးဖြင့်ထည့်၍အသင့်ပြင်ပေးထားလိုက်သည်။

အားလုံးပြင်ဆင်ပြီးစီး၍ခန္ဓာကိုယ်တွင်မီးခိုးနံ့များစွဲကပ်မနေအောင်ရေနွေးစပ်ကာရေချိုးလိုက်သည်။
ရေမိုးချိုး၍အဝတ်အစားလဲပြီးသွားရန်အသင့်ဖြစ်တော့အမကနိုးနေလေပြီ။

"အမ နိုးတောင်နေပြီလားသားမနက်စာပြင်ထားပေးတယ်"

"နိုးပါပြီအမောင်ရယ် ချက်ပြုတ်တာလောက်တော့အမေကိုယ့်ဘာသာလုပ်ထားနိုင်ပါတယ် အမောင်ကအိမ်အတွက်လဲရှာဖွေရအခုလိုအစောကြီးလဲထပြီးချက်ပြုတ်ရသေးတော့ပင်ပန်းမှာပေါ့ကွယ်"

"ကျွန်တော်မပင်ပန်းပါဘူးအမရဲ့ အမကကျွန်တော့်ကိုမပင်ပန်းစေချင်ဘူးဆိုရင်ကျန်းမာအောင်နေပေးပါကျွန်တော့်မှာမိသားစုဆိုလို့အမပဲရှိတော့တာ"

မြတ်နိုးရပါသော မောင့်ရှဥ့်ညိုWhere stories live. Discover now