အခန်း (၁)

32 2 0
                                    

ပူပြင်းသောနေမင်း၏ရောင်ခြည်အောက် ရန်ကုန်မှပုဂံသို့ပို့ဆောင်သောလေယာဥ်မှာပုဂံမြေသို့ဆိုက်ရောက်သက်ဆင်းလာလေပြီ။ လေယာဥ်ရပ်နားပြီးခရီးသည်များအလျိုလျိုဆင်းလာကြသည်မှာလူမျိုးဘာသာစုံလှ၏။  မြန်မာ့ယဥ်ကျေးမှု၏အခြေခံ ရှေးဟောင်းဘုရင်မင်းမြတ်တို့၏အခြေတည်ရာပုဂံမြေသည် လေ့လာစရာပေါများလှသလိုစိတ်ဝင်စားဖွယ်ရာသမိုင်းကြောင်းနှင့်စေတီပုထိုးများကမည်သည့်နေရာကိုပင်ကြည့်လိုက်ပါစေလက်ညိုးထိုးမလွဲရှိသည်မို့လာရောက်လေ့လာကြသူများပေါများလှသည်။ထိုသို့လေ့လာသူများထဲတွင် ထွဋ်မင်းမြတ်လဲအပါဝင်ဖြစ်ပေ၏။

ထွဋ်မင်းမြတ်သည်အသက်၁၄နှစ်မှစ၍​​ပြင်သစ်ရှိဖခင်ထံပညာသင်ရန်သွားရောက်နေထိုင်ခဲ့သည်မို့မြန်မာ့မြေမြန်မာ့​ရေနှင့်ဝေးကွာနေရသည်မှာကြာလွန်းနေလေပြီ။ထွဋ်မင်းမြတ်၏ဖခင်မှာ​ပြင်သစ်လူမျိုးဖြစ်ပြီးမိခင်ဖြစ်သူမှာရှမ်းစစ်စစ်ဖြစ်၍ထွဋ်မင်းမြတ်က​ပြင်သစ်ရှမ်းကပြားတစ်ဦးဖြစ်ကာယခုအသက်၂၇၂၇ ရောက်မှမြန်မာနိုင်ငံရှိမိခင်ထံပြန်လည်အခြေချရင်းပုဂံမြေသို့စိတ်အပန်းဖြေလေ့လာရန်အလည်အပတ်ရောက်ခဲ့ရခြင်းဖြစ်သည်။

ခရီးဆောင်အိတ်ကိုဆွဲလို့လာကြိုသူများကြားတစ်ချက်ဝေ့ကြည့်လိုက်သည့်အခါမိမိနာမည်ကဒ်ကိုကိုင်၍ရပ်နေသူအားတွေ့ရသည်မို့ထိုသူထံသွားရောက်လိုက်သည်။

"ကိုထွဋ်မင်းမြတ်လားဗျ"

"ဟုတ်ပါတယ်"

"ကျွန်တော်ကမင်းသက်မောင်ပါ ***hotelကပါဗျကိုထွဋ်မင်းမြတ်ကိုလာကြိုတာပါ"

"ကောင်းပါပြီဒါဆိုကိုယ်တို့သွားကြရအောင်"

"ဟုတ်ကဲ့ဗျ ကျွန်တော်အိတ်ယူခဲ့ပါမယ်ဗျ ကားကအပြင်မှာပါ"

"ကောင်းပါပြီ"

လေယာဥ်ကွင်းပြင်ပသို့ခြေချလိုက်သည်နှင့်အညာဒေသ၏ခပ်နွေးနွေးလေကိုအဆုတ်ထိသို့တိုင်အောင်တဝရှူရှိုက်လိုက်မိသည်။ လေထုထဲဝယ်အညာမြေ၏တစ်စိတ်တစ်ဒေသဟုဆိုရသောတမာရနံ့သင်းပျံ့ပျံ့လေးရောယှက်နေသည့်အခါနှစ်ခြိုက်စွာပြုံးလိုက်မိပြန်ပါ၏။

မြတ်နိုးရပါသော မောင့်ရှဥ့်ညိုWhere stories live. Discover now