အခန်း (၁၂)

9 1 0
                                    

"သားမြတ်နဲ့အမောင် အမေဒီညပြန်မလာဘူး တံခါးတွေသေချာစစ်ပြီးမှအိပ်ကြကြားလား"

"အမကဘယ်သွားမလို့လဲ"

"ဟိုဘက်ရွာမှာတရားပွဲရှိတယ်လေ အဲ့တာသွားကြမလို့ တရားပွဲကတစ်ညလုံးဆိုတော့ပြန်လာဖြစ်မှာမဟုတ်ဘူး"

"တရားပွဲဆိုရင်တော့လဲသွားပါ အနွေးထည်ထူထူဝတ်သွားနော် အမသောက်ဆေးတွေယူသွားဦး"

"အေးပါ ငါသိတယ် မယ်မြင့်တို့ကိုခေါ်ရဦးမှာမို့ငါသွားပြီ"

"ဟုတ် အမ"

တဘက်လေးခေါင်းပေါင်းလို့အမကတစ်ရွေ့ရွေ့ထွက်သွားသည်။

မောင်နှင့်မိမိသည်လည်းဒီညနေလွမ်းစေတီသို့သွားဖို့လုပ်ထားသည်မို့မောင့်ကိုခေါ်ရန် အမောင်အခန်းသို့ဝင်လာ၏။

"ဆွေး ဒီနားလာထိုင်"

အမ၏သနပ်ခါးကျောက်ပြင်တွင်သနပ်ခါးအပြည့်သွေးထားသောမောင်ကမိမိကိုအပြုံးဖြင့်ခေါ်လာသည်မို့အနားသို့သွားကာထိုင်လိုက်သည်။

"သနပ်ခါးသွေးပြီးဘာလုပ်မလို့လဲမောင်"

"ဆွေးသနပ်ခါးလိမ်းတာလေးမြင်ချင်လို့ဒီညနေကိုယ့်ကိုသနပ်ခါးလေးလိမ်းပြပါလားဆွေး"

မောင်ထူးဆန်းနေသည်။အပြောတွေ ဝမ်းနည်းနေသည့်အကြည့်တွေကပေါ်လွင်လွန်းနေ၏။ မနေ့တည်းကရိပ်မိ၍မေးသော်လဲမောင်ကမဖြေသည်မို့မောင့်စိတ်ပျော်အောင်အလိုလိုက်ပေးဖို့သာတတ်နိုင်သည်။

"လိမ်းဆိုလဲလိမ်းတာပေါ့မောင်ရယ်"

"မောင်လိမ်းပေးမယ်"

"မောင့်သဘောဗျာ"

မင်းမြတ်သနပ်ခါးကိုယူကာဆွေးပါးပြင်နုနုထက်ပါးကွက်လေးကွက်ပေးလိုက်သည်။ပါးကွက် ကွက်ပေးတိုင်းဖောင်းပေးလာသည့်ပါးပြင်လေးကနမ်းပစ်ချင်စရာကောင်းလွန်း၏။

"ပြီးသွားပြီ "

"ဒါဆိုသွားမယ် လာ"

မိမိလက်ကိုဆွဲကာခေါ်နေသောဆွေးကြောင့်ကြည်နူးစွာပြုံးမိသည်။ မိမိလက်ဖဝါးဖြင့်ဆွေးလက်ညိုလေးကိုဆုပ်ကိုင်လိုက်သည့်အခါလက်ဖဝါးလေးကမိမိလက်ဝယ်အံဝင်ခွင်ကျ။

မြတ်နိုးရပါသော မောင့်ရှဥ့်ညိုWhere stories live. Discover now