အခန်း (၆)

11 1 0
                                    

ကျယ်ပြန့်လွန်းသောခြံဝန်းကြီးတစ်ခုအတွင်း နန်းတော်သဖွယ်အိမ်ကြီးကထည်ဝါခမ်းနားစွာတည်ရှိနေ၏။ ခြံဝန်းအတွင်းပန်းနံ့သာအမျိုးစုံစိုက်ပျိုးထားကာပန်းခင်းများထဲလှပလွန်းသောလိပ်ပြာလေးများကဝဲပျံနေ၏။ခြံတစ်ခုလုံးသင်းရနံ့မျိုးစုံသောပန်းခင်းများကြောင့်ခြံကြီးမှာကမ္ဘာသစ်တစ်ခုကဲ့သို့လှပပြည့်စုံလွန်းလှသည်။

ထိုလှပလွန်းသောအိမ်တော်ကြီးကို ပန်းမာလာစံအိမ်ဟုအမည်တွင်ကြလေသည်။ ထိုစံအိမ်ကြီးအတွင်းသို့ကားဖြူလေးတစ်စီးကမောင်းဝင်လာကာအိမ်ရှေ့တွင်ရပ်လိုက်၏။

ထို့နောက်ကားပေါ်မှပန်းနုရောင်ပုံတော်ဖိနပ်လေးစီးကာမြန်မာဆန်လွန်းသောရင်ဖုံးထဘီပန်းနုရောင်ဖြင့်ဆင်းလာသောအသက်၂၀ ကျော်အရွယ်ရှိမိန်းမပျိုတစ်ဦး။

"ဟယ်...သမီးယဥ်နန်း လာလည်တာဒေါ်လေးကိုတောင်ကြိုphဆက်မလာဘူးကွယ် တော်သေးတာပေါ့ဒီနေ့အပြင်မသွားဖြစ်လို့"

ထိုမိန်းမပျိုဆီသို့အိမ်ကြီးအတွင်းမှအသက်၅၀အရွယ်အမျိုးသမီးတစ်ဦးကထွက်လာကာအပြုံးတို့နှင့်စီးကြိုသမှုပြု၏။

"ဟုတ်တယ်မေမေထားရဲ့ ယဥ်နန်းဒီနေ့ကျောင်းပိတ်ရက်မို့အိမ်မှာမုန့်ဟင်းခါးလေးချက်စားလို့လာပို့ပေးတာ"

"ဒါဆိုအိမ်ထဲဝင် ဒေါ်လေးဆီကိုစိန်အသန့်တွေရောက်ထားတယ် ယဥ်နန်းလေးလိုချင်တာကိုလက်ဆောင်ပေးမယ်"

"မဟုတ်တာ မေမေထားရယ် မယူပါရစေနဲ့ယဥ်နန်းအားနာလို့"

စကားတပြောပြောဖြင့်အိမ်ထဲကိုအတူဝင်လာကြသောအမျိုးသမီးနှစ်ဦး။တစ်ဦးကယဥ်ယဥ်လေးနှင့်စာဖွဲ့ရခက်လောက်အောင်လှသည်။ တစ်ဦးကတော့အရွယ်တင်ကာအရှိန်အဝါတစ်ခုမြင်နေရသကဲ့သို့တင့်တယ်နေပြန်၏။
ထိုသို့တင့်တယ်လှသောအမျိုးသမီးသည်ကား နံ့သာမြိုင်အိမ်တော်၏သခင်မဖြစ်သူ ဒေါ်ထိပ်ထားသခင်ပင်ဖြစ်၏။

"ဒေါ်မြ!! ဒေါ်မြရေ!"

ဒေါ်ထိပ်ထားသခင်၏ခေါ်သံအဆုံး အိမ်နောက်ဘက်မှာအသက်၄၀ ကျော်အရွယ်အမျိုးသမီးကြီးတစ်ဦးပြေးထွက်လာ၏။

မြတ်နိုးရပါသော မောင့်ရှဥ့်ညိုWhere stories live. Discover now