"ဧည့်သည် သနပ်ခါးလိမ်းမှာလား"
"အင်း မင်းနဲ့အတူလိမ်းမယ် ပြီးတော့ကိုယ့်ကိုတစ်ချိန်လုံးဧည့်သည်ပဲခေါ်နေတော့မှာလား ပြောပါဦး"
"အာ....ကျွန်တော်မှဧည့်သည်နာမည်မသိဘဲလေ ဒါကြောင့်ဧည့်သည်လို့ပဲခေါ်တာပိုအဆင်ပြေမလားလို့"
"ကိုယ့်နာမည်ကထွဋ်မင်းမြတ်လို့ခေါ်တယ်"
"မြန်မာလား ကျွန်တော်ကဧည့်သည်ကိုနိုင်ငံခြားသားထင်နေတာ ပြီးတော့မြန်မာလိုပီပီသသပြောနိုင်တော့အံ့ဩနေမိသေးတယ်"
ဧည့်သည်နှင့်အတူစကားတပြောပြောဖြင့်သနပ်ခါးလိမ်းပေးသည့်ကလေးများထံလျှောက်လာခဲ့သည်။
"ကိုယ့်daddyကပြင်သစ်လူမျိုးလေ ကိုယ်ကdaddyနဲ့ပိုတူတယ်ဆိုရမှာပေါ့ မေမေကတော့ရှမ်းလူမျိုး"
"ဪ...."
ကောင်လေးကဪတစ်ခွန်းသာတုံ့ပြန်၍ကလေးမလေးတစ်ယောက်ဆီသွား၏။မိမိကိုသူ့နာမည်မိတ်ဆက်မပေးရသေးသည်ကိုသတိထားမိရဲ့လားမသိပေ။
"ကိုကို....သနပ်ခါးလိမ်းပါလားဟင်လှလှလေးလိမ်းပေးပါမယ် ဒီနေ့မီးငယ်လေးမုန့်ဖိုးမရသေးလို့"
"ဟုတ်ပါပြီ...ကိုကိုတို့နှစ်ယောက်ကမီးငယ်လေးဆီမှာလိမ်းမယ်နော်"
ကောင်လေးကပြုံး၍ပြောပြီးကလေးမလေးပါးကိုညှစ်၏။ကလေးချစ်တတ်ဟန်ပေါ်သည်။
ကလေးကလဲသနပ်ခါးအဖွေးသားလေးနှင့်ထိပ်တွင်ကြက်တောင်စည်းလေးစုစည်းထားကာအသဲယားချင်ဖွယ်ကောင်းလှသည်။သို့ပေမဲ့ကလေးလေးကိုအသည်းယားနေဟန်တူသည့်ထိုကောင်လေးကမိမိအမြင်တွင်ရှဥ့်ညိုလေးသဖွယ်ချစ်စဖွယ်ဖြစ်နေပြန်၏။ခုမှစတွေ့သောကောင်ငယ်လေးအပေါ်မိမိစိတ်တွေယိမ်းယိုင်နေပါသလားမသေချာ။ နိုင်ငံရပ်ခြားတွင်နေထိုင်လာသူမိမိအတွက်ထိုကဲ့သို့မျိုးတူယောက်ျားလေးအပေါ်ခံစားချက်ရှိခြင်းကထူးဆန်းအံ့ဩဖွယ်ရာတော့မဟုတ်။
သို့သော်မိမိကတော့ထိုကဲ့သို့ယောက်ျားလေးအပေါ်ခံစားချက်ပေါက်ဖွားလာမည်ဟုမထင်မိ။ မိမိစိတ်တို့ယိမ်းယိုင်မိသူကလဲနာမည်တောင်သေချာမသိရသေးသောရှဥ့်ညိုလိုအညာသားလေးဖြစ်နေပြန်သည်။
စစတွေ့ခြင်းကပင်ရင်ခုန်ခဲ့မိသည်လား။စကားပြောတိုင်းချွန်လာသည့်နှုတ်ခမ်းဖူးဖူးလေးကအကြည့်မခွာနိုင်အောင်ဆွဲဆောင်နေလေသလား။ ခံစားချက်တွေကမသေချာမရေရာသည်ကြောင့်သူများသားသမီးကိုလဲစိတ်ဒုက္ခတို့မပေးချင်။
YOU ARE READING
မြတ်နိုးရပါသော မောင့်ရှဥ့်ညို
Romance"ဘယ်အချိန်ကတည်းကချစ်မိသလဲဆိုတာကိုယ်မရေရာဘူးဆွေး ကိုယ်သိတဲ့အချိန်မှာကိုယ့်ဘဝမှာဆွေးမရှိရင်မဖြစ်တော့တဲ့အကြောင်းပြချက်ကခိုင်မာနေခဲ့ပြီးပြီ" ထွဋ်မင်းမြတ် "လက်ပံပွင့်တွေမောင်နဲ့အတူကြည့်ရတဲ့နေ့မှာ ငါ့ခံစားချက်တွေအတို...