အခန်း (၇)

12 1 0
                                    


"ဟဲ့..အမောင်..ထတော့လေနေရောင်တောင်ထွက်နေပြီဒီနေ့ဘယ်မှမသွားရဘူးလား အိပ်နေလိုက်တာဆိုတာကွယ်"

"ဟင်..အမ ဘယ်အချိန်တောင်ရှိနေပြီလဲ"

နှစ်ခြိုက်စွာအိပ်ပျော်နေချိန်အမ၏နှိုးသံကြောင့်နိုးကာထထိုင်မိသည်။အပြင်ကိုကြည်ံတောင်နေရောင်နုနုကမိမိအိမ်တစ်ဝိုက်နွေးထွေးစွာလွှမ်းခြုံထားနေ၏။

"မနက်၇ချက်တီးလောက်ရှိရော့မယ်ထင်တာပဲ"

"၇ နာရီတောင်လားအမ သွားပြီနောက်ကျပြီထင်တယ်အမရေ"

အိပ်ယာမှအမြန်ထကာသွားတိုက်မျက်နှာသစ်ရ၏။
ပြီးနောက်အလျင်အမြန်ပြန်တက်ကာအဝတ်လဲမနေတော့ဘဲဝတ်လက်စအဝတ်ကိုပင်အနည်းငယ်သပ်ရပ်အောင်ပြုပြင်ကာအုန်းဆီကိုလက်ထဲထည့်၍ဆံပင်ကိုလိမ်းရင်းဧည့်သည်ကိုခေါ်ရန်ခေါင်းပင်မဖြီးဘဲအမြန်ပြေးရသည်။

"အမ..ကျွန်တော့်ဆီဧည့်သည်ပါလာမယ်နော် ကျွန်တော်ပြန်လာမှထမင်းချက်မယ်သွားပြီဗျ"

"ဟဲ့ဒီကလေးနှယ်..အမောင်ရေ!!!ပြေးမသွားနဲ့ချော်လဲဦးမယ်ကြားလား!!!"

ရှပ်ပြာနိုင်သောသားကို ချော်မလဲစေရန်ဒေါ်ဇာအေးအမှီအော်ပြောသော်လဲ စကားနားထောင်လွန်းသည့်သားတော်မောင်က အပြေးမြန်လွန်းတာအရိပ်ပင်မမြင်ရတော့ချေ။
မနေ့ညပြန်လာတော့ဧည့်သည်ကမိမိအိမ်တွက်အတူခဏတာလာနေမည်တဲ့။ရောက်လာလျှင်ဧည့်ခံစရာမရှိသည်မို့ အမောင်ပြန်လာမှချက်ပြုတ်ရင်လဲအဆင်မပြေပေ။ ထို့ကြောင့်မိမိကိုယ်တိုင်ပဲဧည့်သည်ခံတွင်းတွေ့လောက်မည်တွေကိုရွေးချယ်ချက်ပြုတ်ရန်ပြင်ဆင်ရသည်။

အပေါင်းအသင်းနည်းပါးသောသားငယ်ကထိုဧည့်သည်နှင့်တော့ခင်မင်သည်ထင်၏။ပြန်လာတိုင်းတစ်နေ့တာအ​ကောင်းအရာတွေကိုပြောပြသည့်အခါထိုဧည့်သည်အကြောင်းကဝေဝေဆာဆာပါမြဲသာ။

သားငယ်ခင်မင်သောသူငယ်ချင်းကိုမိမိတို့အိမ်လာစဥ်ဧည့်ဝတ်ကျေချင်သည်မို့အကောင်းဆုံးဧည့်ခံရမည်ဟုဒေါ်ဇာအေးသတ်မှတ်ထားပါသည်။

-----------------------------------------------------------------------------
အမောင် hotelသို့ဆိုင်ကယ် ကယ်ရီငှားကာအမြန်လာရသည်။ အဝတ်အစားမလဲထားသောကြောင့်လူကပေတိပေစုတ်နိုင်နေပြန်၏။

မြတ်နိုးရပါသော မောင့်ရှဥ့်ညိုWhere stories live. Discover now