အခန်း (၁၇) [ဇာတ်သိမ်းပိုင်း]

27 5 0
                                    

ခြံထဲရှိကွပ်ပစ်ထက်သာယာကြည်နူးနေသောအချစ်ငှက်နှစ်ကောင်ကိုအဝေးနေရာမှ ထိပ်ထားသခင်ကြည့်နေမိသည်။

"မင်းကြောင့်ပဲ မိုင်းဆွေးထင်မောင် မင်းကြောင့်ငါ့ရဲ့အရာအားလုံးပျက်စီးရတာ ငါဒုက္ခ​ရောက်သလို မင်းသေရမယ်"

နေ့လည်ဘက်မို့ပူပြင်းသည့်အညာနွေနေရောင်အောက်ဝယ် လူသူကင်းရှင်းနေသည်ကိုအခွင့်ကောင်းယူကာလက်ကိုင်အိတ်ထဲမှသေနတ်ကိုထုတ်၍ထိုသူနှစ်ဦးရှိရာသို့ဦးတည်လာခဲ့သည်။

"သိပ်ပျော်နေကြသလား"

ဆွေးနှင့်အတူရှိနေစဥ်ခြံဝမှကြားရသောအသံကြောင့်ကြည့်မိတော့သေနတ်ကိုချိန်ကာမိမိတို့နားသို့မေမေကတဖြည်းဖြည်းလျှောက်လာ၏။

"ဒေါ်ထိပ်ထားသခင် ခဗျားရူးသွားပြီလားအဲ့သေနတ်ကိုချထားလိုက်ပါ"

"မင်းပါးစပ်ကိုပိတ်ထား!"

မေမေ့၏ပုံစံမှာမိုက်ရူးရဲဆန်လွန်းနေ၏။ဆွေးကိုဦးတည်ချိန်ရွယ်ထားသောသေနတ်ကြောင့်မိမိနောက်သို့အသာဆွဲကာ ကာကွယ်ထားမိသည်။

"အဟက် သိပ်ချစ်တတ်နေပါလားထွဋ်မင်းမြတ်ရဲ့ ဟမ်! ဒီလိုအောက်တန်းစားကောင်ကြောင့် မင်းကိုတစ်သက်လုံးကျွေးမွေးလာတဲ့ကျေးဇူးကိုအခုလိုဆပ်လိုက်တာပေါ့ ဟုတ်လား ဟမ်!"

"အပြစ်တွေထပ်မလုပ်ပါနဲ့တော့မေမေရယ် အပြစ်ကြွေးတွေဆပ်လိုက်ပါ ပြီးရင်သားတို့ပျော်ပျော်ရွှင်ရွှင်နေကြမယ်လေ နော်"

"မရတော့ဘူး မရတော့ဘူးထွဋ်မင်းမြတ်ရဲ့ မင်းအဲ့ဒီအောက်တန်းစားကောင်ကိုရွေးချယ်လိုက်တည်းကအရာရာကနောက်ကျသွားပြီ နားလည်လား"

မောင်နှင့်စကားပြော​နေ၍​ဒေါ်ထိပ်ထားသခင်သတိလွတ်စဥ်ခဏ၌ လက်ထဲမှသေနတ်ကိုအငိုက်ဖမ်း၍ဆွဲလုလိုက်သည်။

သို့သော်အကြံအစည်ကားမအောင်မြင်ဘဲဒေါ်ထိပ်ထားသခင်ကသေနတ်ကိုတင်းတင်းကြပ်ကြပ်ပြန်ဆုပ်ကိုင်ကာလုထား၏။

"မောင် ဝေးဝေးနေ!"

စိတ်လွတ်ကာလုနေသည့်ကြားမှသေနတ်ကိုတရဆက်ပစ်နေသောဒေါ်ထိပ်ထားသခင်ကြောင့်မောင့်ကိုမထိခိုက်မိစေရန်အော်ရ၏။

မြတ်နိုးရပါသော မောင့်ရှဥ့်ညိုWhere stories live. Discover now