"သားကိုဒီမှာနေစဥ်အတွင်းသားအရင်းလိုဂရုတစိုက်ချစ်ပေးခဲ့လိုကျေးဇူးတင်ပါတယ်မေမေ သားကန်တော့ခဲ့ပါမယ်"
ပြောကာမင်းမြတ်မေမေ့ကိုဦးသုံးကြိမ်ချကာရှိခိုးကန်တော့လိုက်၏။
"သာဓုပါကွယ်သာဓုသဓု ငါ့သားလေးသွားလမ်းလာလမ်းဖြောင့်ဖြူးပြီးဘေးအန္တရာယ်ကင်းပါစေကွယ် နောက်လဲအားရင်လာလည်ပေါ့ အမေတို့ကကြိုဆိုပါတယ်ကွယ်"
"ကျေးဇူးတင်ပါတယ်မေမေ ဒါဆိုသားသွားတော့မယ်နော်"
ပြန်ခါနီးမေမေ့ကိုကန်တော့ကာအောက်ကိုဆင်းတော့ဆွေးကမိမိအဝတ်သေတ္တာနှင့်အတူတမာပင်ကြီးအောက်ကွပ်ပစ်ပေါ်တွင်ထိုင်နေလေ၏။
အနားကိုသွားကာကြည့်တော့မျက်ဂန်းတွေမို့အစ်ကာငိုထားသည့်ဟန်မို့ရင်ခွင်ထဲခပ်ညိုညိုကိုယ်လုံးလေးကိုတင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားလိုက်မိသည်။
"ကိုယ်ပြန်ရောက်တာနဲ့ phဆက်လိုက်မယ်နော် နေကောင်းအောင်နေရမယ်နော်ဆွေး"
ထိုသို့ပြောတော့ဆွေးကာပြန်မဖြေဘဲခေါင်းသာတစ်ဆတ်ဆတ်ငြိမ့်သည်။
"မငိုရဘူးလေဆွေးရဲ့ မောင်ဆွေးဆီရောက်အောင်ပြန်လာမှာ"
ထိုသို့ပြောကာမျက်ရည်စများကိုငြင်သာစွာသုတ်ပေးလိုက်သည်။
"မောင် ငါလက်ပံတွေအတူကြည့်ဖို့မင်းကိုစောင့်နေမှာ"
ထိုသို့ပြောမိတော့မောင်ကကြည်ကြည်နူးနူးပြုံးသည်။
ပြီးနောက်မောင့်လက်နှင့်အလှမ်းမှီသောတမာခက်လေးကိုခူးကာမိမိလက်ထဲထည့်ပေး၏။"ခရေတွေကနွမ်းခြောက်သွားရင်တောင်ရနံ့မပြယ်ဘူးတဲ့ဆွေးကြားဖူးတယ်မလား"
မောင်၏အမေးကိုဆွေးခေါင်းငြိမ့်ပြမိသည်။
"ခရေတွေနဲ့တူတာတမာတွေပဲဆွေးရဲ့ ဒီတမာခက်လေးရနံ့မကုန်ခင်မောင်အရောက်ပြန်လာမယ်ဆွေး ဆွေးကစောင့်နေပေးမယ်မလား"
"ငါမောင့်ကိုစောင့်နေမှာ"
"ချစ်တယ်ဆွေးရယ် "
ချစ်စကားတဖွဖွပြောကာအလွမ်းသယ်မိသည်။ မောင်ဆွေးအနားအမြန်ဆုံးပြန်လာမည်။
________________________________________________
နံနက်ဝေလီဝေလင်းအချိန် နေရောင်ခြည်ဖျာကျစအချိန်ခါတွင် ပန်းမာလာစံအိမ်ကြီးအတွင်းသို့ ကားနက်တစ်စီးဝင်လာ၏။
![](https://img.wattpad.com/cover/364828939-288-k230769.jpg)
YOU ARE READING
မြတ်နိုးရပါသော မောင့်ရှဥ့်ညို
Dragoste"ဘယ်အချိန်ကတည်းကချစ်မိသလဲဆိုတာကိုယ်မရေရာဘူးဆွေး ကိုယ်သိတဲ့အချိန်မှာကိုယ့်ဘဝမှာဆွေးမရှိရင်မဖြစ်တော့တဲ့အကြောင်းပြချက်ကခိုင်မာနေခဲ့ပြီးပြီ" ထွဋ်မင်းမြတ် "လက်ပံပွင့်တွေမောင်နဲ့အတူကြည့်ရတဲ့နေ့မှာ ငါ့ခံစားချက်တွေအတို...