"မောင် နေပူတယ် အိမ်ထဲသွားနေပါခဏနေဆိုပြီးတော့မှာကို"
ခြံနောက်တွင် စားသောက်မှုဖူလုံစေရန်စိုက်ထားသောစိုက်ခင်းအတွင်းရေလောင်းကာမျက်နှုတ်နေခြင်းဖြစ်သည်။
ညနေစောင်းဖြစ်သော်ငြား နေရောင်ခြည်၏အပူကကျန်နေသေးသည်မို့ မောင်နေပူမည်စိုး၍အိမ်ပေါ်ပြန်ခိုင်းနေသော်ငြား မောင်ကခေါင်းမာသည်။
"သားမြတ်ရေ ဒီမှာphလာနေတယ်"
"ဟုတ် လာပြီမေမေ"
မင်းမြတ်ဆွေးကိုအလုပ်ကူပေးနေစဥ် အမေကphလာနေသည်ဟုပြောလာသောကြောင့်အပေါ်တက်ရန်ပြင်ရသည်။
"ခဏနော်ဆွေး ပြောပြီးတာနဲ့ချက်ချင်းပြန်လာမှာ"
"မလာနဲ့တော့ပြီးနေပြီ ကျွန်တော်ပါလိုက်တက်လာတော့မှာ သွားသွား"
"ဒါဆိုမြန်မြန်တက်ခဲ့နော်"
"အင်းပါ သွား"
phလေးတစ်ခါသွားကိုင်ဖို့ကို မိမိကိုပါအပါခေါ်နေသောမောင်ကြောင့်သဘောကျစွာရယ်နေရ၏။
ကလေးလေးလိုပင်ချစ်စရာကောင်းလွန်းသည်မလား။မင်းမြတ်ခြေလက်ဆေးကာအိမ်ပေါ်တက်တော့phကကျသွားပြီဖြစ်သည်။ ခေါ်ထားသည့်သူကိုကြည့်လိုက်တော့မေမေ ခေါ်ထားသည်မို့နံပါတ်ကိုနှိပ်ကာphပြန်ခေါ်လိုက်တော့တစ်ဖက်က မေမေကချက်ချင်းကိုင်၏။
"Hello မေမေ့"
"သားမြတ် ဒီရက်ပိုင်းမေမေ့ဆီphမဆက်လို့လေ"
"ဟုတ်တယ်မေမေ သားလဲပြန်ရောက်ချိန်ကျပင်ပန်းပြီးအိပ်ပျော်သွားလို့ပါ"
"သားပုဂံမှာလည်နေတာတစ်လရှိနေပြီနော် ပြန်လာချိန်တန်ပြီသားမြတ်"
"မေမေ သားခဏ"
"ဒီတစ်ပတ်အတွင်းပြန်လာခဲ့သားမြတ် သားလိုချင်တဲ့အခွင့်အရေးကိုမေမေပေးခဲ့ပြီးပြီ လုပ်ငန်းတွေဦးစီးဖို့ပြင်ဆင်သင့်ပြီ ပြီးတော့ယဥ်နန်းနဲ့လက်ထပ်ဖို့ပါတွေးထားပါသားမြတ် မေမေဒီလောက်ပဲပြောချင်တယ်"
"မေမေ ကျွန်တော်.."
စကားမဆုံးမီphချသွားတဲ့မေမေက ပြန်လာရန်အမိန့်စကားနှင့်အဆူမိမိမေ့ထားသောငယ်ဘဝစေ့စပ်မှုကိုပါအစချီလာသည်။ ထိုကိစ္စကြောင့်ပဲမင်းမြတ်daddyဆီနှစ်အကြာကြီးသွားရောက်နေထိုင်ခဲ့ခြင်း။ ငယ်စဥ်တည်းကမင်းမြတ်ဘဝအတွက်မေမေ၏တွက်ချက်မှုများကကိန်းဂဏာန်းများနှင့်ဆက်စပ်သည်။စီးပွားရေးနှင့်တွက်ချက်ကာခိုင်းစေသောမေမေ့၏အလိုဆန္ဒမှန်သမျှမင်းမြတ်ငြင်းပယ်ခွင့်မရှိ။ ဆန့်ကျင်ခြင်းမရှိသည့်မင်းမြတ်ကသားလိမ္မာဟူသောစကားတစ်ခွန်းအောက်ခံစားချက်မဲ့ကာစက်ရုပ်တစ်ခုလိုလှုပ်ရှားရသည်။ သားကြီးလာရင်ယဥ်နန်းလေးနဲ့လက်ထပ်ရမယ် သားဘဝတိုးတက်ဖို့အတွက်ဆိုသည့်စကားက မင်းမြတ်နားထဲကယခုထိမထွက်။၁၄နှစ်ပြည့်မွေးနေ့မှာမေမေပေးခဲ့သည့်လက်ဆောင်ကယဥ်နန်းနွယ်ဟူသောမိမိထက်တစ်နှစ်ကြီးတဲ့မိန်းကလေးနှင့်စေ့စပ်ထားပေးခြင်းတဲ့။
YOU ARE READING
မြတ်နိုးရပါသော မောင့်ရှဥ့်ညို
Romance"ဘယ်အချိန်ကတည်းကချစ်မိသလဲဆိုတာကိုယ်မရေရာဘူးဆွေး ကိုယ်သိတဲ့အချိန်မှာကိုယ့်ဘဝမှာဆွေးမရှိရင်မဖြစ်တော့တဲ့အကြောင်းပြချက်ကခိုင်မာနေခဲ့ပြီးပြီ" ထွဋ်မင်းမြတ် "လက်ပံပွင့်တွေမောင်နဲ့အတူကြည့်ရတဲ့နေ့မှာ ငါ့ခံစားချက်တွေအတို...