အခန်း (၃)

13 1 0
                                    

အမောင်ဆိုင်ကယ်ကိုဖြည်းဖြည်းမောင်း၍hotelနဲ့မနီးမဝေးအရပ်တွင်ရှိသောအပါယ်ရတနာဘုရားသို့ဦးစွာခေါ်လာခဲ့သည်။

ဘုရားသို့ရောက်ချိန်တွင်မနက်ခင်းကျနေသောနှင်းရည်များဆဲ၍နေရောင်နွေးနွေးကဖြာကျနေ၏။
ဆိုင်ကယ်ကိုရပ်၍ဒေါက်ထောက်ပြီးဧည့်သည်နှင့်အတူဘုရားပေါ်တက်ခဲ့သည်။

"ဒီဘုရားကိုအပါယ်ရတနာဘုရားလို့ခေါ်တယ် ဒီဘုရားကိုကျန်စစ်သားမင်းလက်ထက်ကတည်ခဲ့တာလေ ကျန်စစ်မင်းတရားကြီးရဲ့မိဖုရားဖြစ်တဲ့အပါယ်ရတနာမိဖုရားကိုအစွဲပြုပြီးတည်ခဲ့တာ"

ထွဋ်မင်းမြတ်ထိုကောင်လေးရှင်းပြသည်ကိုနားထောင်၍ဘုရားရင်ပြင်ပေါ်တက်ခဲ့သည်။ဘုရားရင်ပြင်တစ်ခုလုံးကိုအုတ်များခင်းထားပြီး ရင်ပြင်အလယ်မကျတကျတွင်ကြီးမားသောအပင်ကြီးတစ်ပင်ကခိုင်မာစွာတည်ရှိနေသည်။

"ဒါကဘာပင်လဲ အရွက်ကမန်ကျည်းရွက်နဲ့တူတယ်နော်"

"အဲ့တာက ထနောင်းပင်လေ သူကအပူပိုင်းဒေသမှာပေါက်တာအပူကြိုက်တဲ့အပင်မျိုးပဲ ဥပမာအခုလိုအညာမှပဲအများဆုံးတွေ့ရတာမျိုး အရိပ်ကောင်းကောင်းပေးတယ်လေ"

"ဪ...ကိုယ်တစ်ခါမှမမြင်ဖူးဘူး"

ထွဋ်မင်းမြတ်အပင်ကိုခပ်လှမ်းလှမ်းနေရာမှဓာတ်ပုံရိုက်လိုက်သည်။

"ဧည့်သည်ပုံရိုက်ချင်ရင်ဒီဘက်နားလာ ဟိုမှာတွေ့လားအဲ့ဒီစေတီကိုနောက်ခံထားပြီးရိုက်လို့ရတယ် ပြီးတော့ဒီနားကခြုံတွေရယ် ဘုရားကခပ်လှမ်းလှမ်း မြေနီလမ်းလေးကလဲပေါ်တော့ရှုခင်းကဓာတ်ပုံရိုက်ဖို့တကယ်အဆင်ပြေတယ်"

ကောင်လေးကဘုရားထဲမဝင်သေးဘဲ ရင်ပြင်တစ်ဖက်ကိုခေါ်သွားပြီးရှုခင်းလှလှကိုညွှန်ပြသည်။

ဘုရားတွင်ကာထားသောတံတိုင်းကသိပ်မမြင့်မိမိခါးနားသာရှိသည်မို့ထိုကောင်လေးပြသည့်အနေအထားအတိုင်းရိုက်ပါလျှင်ရှုခင်းကောင်းကောင်းမှာပုံလှလှထွက်လာမည်ကအသေအချာပင်။
ထို့အပြင်ဆောင်းလေအေးအေးကတစ်ဖြူးဖြူးတိုက်ခတ်နေပြန်သည်မို့နေရောင်အောက်ရပ်ရသည်ကတစ်မျိုးတစ်ဖုံစိတ်ကိုကြည်နူးစေ၏။

မြတ်နိုးရပါသော မောင့်ရှဥ့်ညိုWhere stories live. Discover now