အခန်း (၁၅)

13 2 0
                                    

တစ်နေ့လုံးမရပ်မနားမောင်းနှင်လာခဲ့ပြီးသည့်နောက်တွင် မိမိကိုမောင်ထုတ်ခဲ့သောထိုခြံမြေကိုဒုတိယတစ်ခါထပ်မံခြေချလာရသည်။

သေးနုပ်ပြီးသူဆင်းရဲလိုကောင်မျိုးကမိမိသားမြတ်ကိုမှဖျားယောင်းရဲရသည်တဲ့။

"ဒေါ်ခင်ထိပ်ထား ရှင်ဒီကိုဘာလာလုပ်တာလဲ ထွက်သွား"

တစ်နေ့တစ်နေ့တစ်မှိုင်မှိုင်တစ်ထွေထွေဖြစ်နေသာကိုကြီးမောင်ကိုစိတ်ပျော်စေရန် ယမင်းရောကိုသက်ပါ
ကိုကြီးမောင်အိမ်သို့လာကာမိသားစုအတူတူမုန့်လုပ်စားရန်စီစဥ်နေကြခြင်းဖြစ်သည်။

စိုက်ခင်းထဲမှလိုအပ်သောအသီးအရွက်များခူး၍ပြန်ထွက်လာချိန်အိမ်ရှေ့သို့လာရပ်သောကားကြီးကြောင့်ယမင်း ကြောင်အကာကြည့်နေမိစဥ် ကားပေါ်မှဆင်းလာသောထိုမိန်းမကြောင့် ဝတီ၏မျက်နှာကိုပြန်တွေးမိကာထိုမိန်းမအပေါ်ရွံရှာဒေါသထွက်လာရ၏။

"အဟက်! စရိုက်ဆန်လိုက်တာ ငါကလဲဒီလိုအောက်တန်းစားနေရာကိုသိပ်လာချင်နေတယ်မထင်နဲ့
ယောက်ျားတန်မဲ့အရှက်မရှိတဲ့ကောင်ကြောင့် ဒီလိုအောက်တန်းစားနေရာကိုခြေချလာရတာ နားလည်လား"

"ဟဲ့ယမင်းဘယ်သူလဲဘာဖြစ်တာတုန်း"

အိမ်ရှေ့မှဆူညံဆူညံအသံကြား၍ ဒေါ်ဇာအေးထွက်လာမိသည်။ ထွက်လာလာချင်းမြင်တွေ့ရသည်ကမိမိသမီးငယ်၏သေဆုံးခြင်းကိုငွေနဲ့ဖြေရှင်းခဲ့သောထိုမိန်းမကြောင့် အံတင်းထားလိုက်မိ၏။

"ဒီကဒေါ်ထိပ်ထားသခင် ဒီအိမ်ဒီခြံကရှင့်ကိုမကြိုဆိုဘူး ပြန်ပါ"

"အဟက်..ငါလဲလာချင်လွန်းလို့လာနေတာမဟုတ်ဘူး
ကျွန်မသားကိုအရှက်မရှိမြူစွယ်ပြီးချူစားနေတဲ့ရှင့်သားပိုင်းလုံးကောင်ကြောင့်ရောက်လာရတာ"

"ရှင်ဘာစကားပြောလိုက်တယ်!"

"ကျွန်မရှင်းရှင်းပဲပြောမယ် ကျွန်မရဲ့သားမြတ်ကလက်ထပ်ရမဲ့မိန်းကလေးရှိပြီးသားပါ ယောက်ျားတစ်ယောက်ဖြစ်ပါရက်နဲ့အခြားယောက်ျားတစ်ယောက်ဆီကသိက္ခာမရှိချူစားတတ်ဖို့ရှင့်သားကိုတော်တော်လေးသင်ကြားပေးထားတာပဲနော်
ကျွန်မရဲ့သားနဲ့နောက်ဘယ်သောအခါမှလာမဆက်နွယ်ပါစေနဲ့ ကျွန်မသားဆီကချူသင့်သလောက်ချူထားရင်လဲရပ်တန်းကရပ်ပါ "

မြတ်နိုးရပါသော မောင့်ရှဥ့်ညိုWhere stories live. Discover now