အခန်း (၁၆)

13 1 0
                                    

"အမဆုံးသွားပြီမောင် ဒီနေ့ကအမမြေချတဲ့နေ့"

"ဘယ်လိုအမေဆုံးပြီ!"

အမေကဆုံးပြီတဲ့။ဘာကြောင့်လဲ မိမိပြန်တုန်းကမှကျန်းကျန်းမာမာရှိနေသေးသောအမေက ရုတ်တရက်ကြီး။

"မင်းရဲ့အကောင်းစားအထက်တန်းစားအမေကြောင့်လေ"

"ကိုသက် ခဏစိတ်ကိုလျော့ပါ ကျွန်တော်ပြောမယ်"

အမောင်ပြောရန်ဝမ်းနည်းနေသည့်စိတ်ကိုလျော့၍သက်ပြင်းချလိုက်သည်။

"မောင် အမသေရတာ ဒေါ်ထိပ်ထားသခင်ဆိုတဲ့မိန်းမကြောင့်ပဲ"

"ဘယ်လို!"

မင်းမြတ်အံ့ဩမိသည်။မေမေကဒီအထိရောက်လာခဲ့သည်လား။အချိန်တိုလေးအတွင်းဒီနေရပ်လိပ်စာအထိဘယ်လိုစုံစမ်းနိုင်ခဲ့ပါသနည်း။

"ဟုတ်တယ် ငါကမောင့်ဆီကချူစားနေတဲ့သူအဖြစ်နဲ့အရှက်သိက္ခာရစရာမရှိအောင်ပြောခဲ့တာမို့ အမကသည်းမခံနိုင်ဘဲနှလုံးရောဂါအခံလဲရှိတော့ချက်ချင်းနှလုံးရပ်သွားခဲ့တာ"

"ဆွေး မောင်တောင်းပန်ပါတယ် မောင့်ကြောင့်"

ဝမ်းနည်းစွာရေရွတ်မိသည်။ မိမိ၏တစ်ဇွတ်ထိုးလုပ်ရပ်ကြောင့်ချစ်ရတဲ့ဆွေး၏တစ်ဦးတည်းသောဆွေမျိုးသေဆုံးရလေပြီ။

"မောင်နဲ့မဆိုင်ပါဘူး တရားခံကဒေါ်ထိပ်ထားသခင်ဆိုတာငါကကောင်းကောင်းခွဲခြားနိုင်တာမို့ ငါကမောင့်အပေါ်အပြစ်မတင်ဘူး"

"ဆွေး"

"မောင်မပြန်ခင်က ငါ့ဆီကလိုချင်တဲ့အရာတစ်ခုရှိတယ်ဟုတ်တယ်မလား"

ထွဋ်မင်းမြတ်ခေါင်းတဆတ်ဆတ်ငြိမ့်မိသည်။ဆွေးကငြင်းပေတော့မည်ကိုအတပ်သိနေသည်ကြောင့်။ယခုလိုအခြေအနေမှာဆွေးနှင့်အတူရှိရဖို့ဘယ်လိုမျှော်လင့်ခွင့်ရှိပါအံ့နည်း။

"ငါနဲ့လက်ထပ်မလားမောင် လက်ထပ်ရဲလား"

"အမောင်!"

"ကိုကြီးမောင်"

မိမိ၏စကားအဆုံး ကိုသက်နှင့်ယမင်း၏အံ့ဩသံများကတစ်ပြိုင်နက်ထွက်ပေါ်လာသလိုမောင်ကလဲမျက်ရည်များကြမှမိမိကိုမယုံနိုင်ဖွယ်ကြည့်နေသည်။

မြတ်နိုးရပါသော မောင့်ရှဥ့်ညိုWhere stories live. Discover now