အခန်း (၄)

11 2 0
                                    

အပါယ်ရတနာဘုရားကိုဖူးမြှော်ပြီးနောက်မနီးမဝေးတွင်ရှိသောမနူဟာဘုရားသို့ခေါ်လာခဲ့သည်။ ဘုရားသို့ရောက်သည်နှင့်သမိုင်းကြောင်းပြောပြလိုသောကလေးများကအနားသို့အုပ်စုလိုက်ပြေးလာကြ၏။

"ကိုကြီးတို့ ကျွန်တော်ပြောပြမယ်ဗျ"

"အကိုသနပ်ခါးလေးလိမ်သွားပါဦး လှလှလေးလိမ်းပေးမယ်ရှင့်"

"သားလေးဒီမှာလက်ပန်းချီဆွဲသွားပါဦး ပုံလေးတွေရွေးလေ"

"ကိုကိုတို့သမီးဓာတ်ပုံရိုက်ပေးမယ်လေ"

ဆိုင်ကယ်ရပ်လိုက်သည်နှင့်အနားသို့ရောက်လာသောလူအုပ်ကြောင့်ထွဋ်မင်းမြတ်ကြောင်အကာကြည့်နေမိသည်။

"ညီတို့ညီမတို့အကိုတို့ဘုရားအရင်ဖူးမယ်နော်ပြီးမှပြန်လာမယ်နော်"

ကောင်လေးကထိုအုပ်စုကိုပြောရင်းမိမိလက်ကိုဆွဲကာဘုရားသို့ဦးတည်၍ထိုလူတွေကြားထဲမှဆွဲခေါ်သွားပေးသည်။ ဘုရားရင်ပြင်နားရောက်မှထိုသူတွေကဆက်လိုက်မလာတော့ဘဲကျန်ရစ်၏။

"သူတို့ကဈေးရောင်းတဲ့သူတွေလားကောင်လေး"

ဖိနပ်ထားသည့်စင်တွင်မိမိကတ္တီပါဖိနပ်လေးကိုတင်ရင်းထွဋ်မင်းမြတ်မေးလိုက်သည်။

"ဟုတ်တယ် အချို့ခရီးသွားတွေကဧည့်သည်လိုGuideမခေါ်ကြဘူးလေ အဲ့လိုသူတွေကဘုရားကိုလာတဲ့အခါအခုလိုရှင်းပြတဲ့ကလေးတွေကိုခေါ်တယ် ရှင်းပြပြီးရင်မုန့်ဖိုးပေးသွားတတ်ကြတယ်လေ ပြီးတော့သနပ်ခါးဘူးလေးတွေကိုင်ထားတဲ့ကလေးတွေကကျအလည်အပတ်လာတဲ့သူတွေကိုသနပ်ခါးလိမ်းပေးကြတာသူတို့လဲလိမ်းပေးပြီးရင်မုန့်ဖိုးရကြတယ်လေ"

ကောင်လေးပြောသည့်ပြောသည့်စကားထဲသနပ်ခါးဟူသည်ကိုထွဋ်မင်းမြတ်စိတ်ဝင်စားမိသည်။မိမိရှေ့ကမျက်နှာဝိုင်းကောင်လေးကသနပ်ခါးလေးနဲ့သာဆိုမည်သို့ဖြစ်နေမည်ကိုမြင်ချင်လာမိသည်။

"ကိုယ်တို့သနပ်ခါးလိမ်းကြမလား"

"ဗျာ"

"ကိုယ်နဲ့ကောင်လေးနဲ့သနပ်ခါးလိမ်းကြမလားလို့"

မြတ်နိုးရပါသော မောင့်ရှဥ့်ညိုWhere stories live. Discover now