အခန်း (၁၀)

15 1 0
                                    

"အမောင်ရေငါတို့လာတယ်ဟေ့"

အသံမဆုံးမီပင်ကိုသက်နှင့်အတူနွယ်ယမင်းကပါအိမ်ပေါ်သို့အတူတက်လာ၏။ ဂီတာတစ်လက်ကိုလဲကိုင်ထားသေးသည်။

"ကိုကြီးမောင်!!"

ခေါ်သံနှင့်အတူယမင်းကမိမိကိုပြေးလာဖက်၏။အချိန်တွေသာကြာသွားသည်ဒီကလေးမအကျင့်ကမပြောင်းလဲသေး။ငယ်စဥ်ကဆိုကျောင်းကပြန်လာတိုင်းဝတီနှင့်ယမင်းကမိမိကိုအခုလိုပြေးဖက်နေကျဖြစ်သည်။အမြဲတမ်းဝတီကိုအိမ်ပြန်ပို့ပြီးမှယမင်းကပြန်သည်။ယခုတော့မိမိကိုအပြေးလာဖက်သည်ကယမင်းသာရှိတော့သည်။ဝတီလေးကိုသတိရလွမ်းဆွတ်မိသည်မို့ကျန်နေသောညီမငယ်ဖြစ်သည့်ယမင်းလေးကိုသာပြန်ဖက်ထားပေးလိုက်သည်။

"မိယမင်းတို့များ အသက်ကဖြင့်ဘယ်အရွယ်ရှိနေပြီလဲအခုထိအကျင့်မပျောက်သေးဘူး"

"ကိုကိုကလဲ ယမင်းကကိုကြီးမောင်ကိုလွမ်းနေတာပါနော်"

ကိုသက်ကစနောက်ပြောတော့ယမင်းကနှုတ်ခမ်းလေးဆူကာမိမိကိုလွမ်းကြောင်းပြန်ပြောသည်။
ဒီကလေးမအရင်အတိုင်းစွာတေးလန်လေးဖြစ်တုန်းသာ။

"ကိုကြီးကလဲဒီညီမလေးကိုလွမ်းနေတာပါကွာ"

မိမိတို့ရယ်မောကာစကားပြောနေစဥ် မိမိကိုစိုက်ကြည့်နေသလိုခံစားရ၍ယမင်းကြည့်လိုက်သည့်အခါ နိုင်ငံခြားသားရုပ်ချောချောကောင်လေးကမိမိကိုစိုက်ကြည့်နေလိုက်သည်များ ကြက်သီးတောင်ထမိသွားသည်။ထိုသူစိုက်ကြည့်နေသည်ကမိမိကိုမဟုတ် မိမိပခုံးကိုဖက်ထားသောကိုကြီးမောင်၏လက်ကိုစိုက်ကြည့်နေတာဖြစ်သည်။

မိမိစိတ်ထဲတွင်အခုချက်ချင်းဖက်ထားသည်ကိုမှမလွှတ်လျှင် မိမိကိုအစိမ်းလိုက်ရိုက်သတ်တော့မလိုခံစားလာရသည်မို့ ကိုကြီးမောင်ဖက်ထားသည်ကိုဖယ်ကာကိုသက်ဆီပြန်သွားရပ်နေလိုက်သည်။

"ကိုကြီးမောင်သူကဘယ်သူလဲဟင်"

"ဪ မိတ်ဆက်ပေးမယ် သူကထွဋ်မင်းမြတ်တဲ့ ကိုကြီးရဲ့သူငယ်ချင်း"

"မောင်.....ဒါကကိုသက်မင်းမောင်တဲ့ငါ့အကိုလိုပဲ သူကတော့နွယ်ယမင်းတဲ့ ကိုသက်ရဲ့ညီမလေး...ငါ့ရဲ့ညီမလေးပဲပေါ့"

မြတ်နိုးရပါသော မောင့်ရှဥ့်ညိုWhere stories live. Discover now