အခန်း (၈)

11 1 0
                                    

အိမ်နဲ့ hotelကအတော်လှမ်းသည်မို့သုံးဘီးတစ်စီးငှားကာမောင့်ပစ္စည်းတွေတင်၍ခေါ်လာခဲ့သည်။ အရင်ကကိုသက်ငှားပေးသောဆိုင်ကယ်လေးနဲ့သွားပြန်လုပ်ရသော်လည်း ဒီနေ့တော့ဆိုင်ကယ်အစားသုံးဘီးသာငှားခဲ့သည်။

လာတဲ့လမ်းတစ်လျှောက်လုံးအသံတိတ်ကာစကားတစ်ခွန်းမှမပြောတဲ့မောင်ကမှုန်ကုပ်ကုပ်နှင့်သာ။ ရွာလမ်းသို့စဝင်လာတည်းကပတ်ဝန်းကျင်ကိုငေးလိုက်သိချင်သည်ကိုမိမိကိုမေးမည်ပြုပြီးမှမျက်စောင်းထိုးကာမမေးဘဲမှုန်ကုပ်ကုပ်ပြန်လုပ်နေပုံကမိမိအတွက်အဆင်မပြေလှ။

မိမိကိုအတည်ကြီးစိတ်ဆိုးနေမှန်းသိ၍ချော့၍လဲမတတ်ပေ။မချော့တတ်ပေမဲ့မောင်စိတ်ဆိုးနေတော့နေလဲမနေတတ်ပြန်ဖြင့်သက်ပြင်းသာအကြိမ်ကြိမ်ချနေမိသည်။

ဤသို့ဖြင့်မောင်ကမျက်စောင်းထိုးလိုက် မိမိကသက်ပြင်းချလိုက်ဖြင့်အိမ်ကိုရောက််လာကြ၏။အထုတ်တွေကိုကူချပေးနေချိန်အထိမောင်ကစကားတစ်ခွန်းမပြောချေ။

"အမောင်ပြန်လာပြီလား ဒါကသားသူငယ်ချင်းဆိုတာလား"

အိမ်သို့ရောက်၍အထုပ်ဆွဲကာဝင်လာတော့ အမ ကစီးကြိုနှုတ်ဆက်ကာစကားဦးကြိုပြု၏။

"ဟုတ်တယ်အမ ဒါသားပြောတဲ့ဧည့်သည်"

"မင်္ဂလာပါဗျ အဒေါ်"

ထွဋ်မင်းမြတ် ဆွေးကိုစိတ်ဆိုးနေကြောင်းပြချင်၍တစ်လမ်းလုံးစကားမပြောဘဲအရိပ်အကဲမြင်အောင်ပြခဲ့သည်။
သို့သော်နေနိုင်သူအညာသားလေးကမိမိကိုချော့လာဖို့ဝေးစွ။မိမိစိတ်ဆိုးနေသည်ကိုပင်သိသေးရဲ့လားမပြောတတ်ပေ။ အိမ်ကိုရောက်၍အထုပ်များချသည်အထိနှစ်ဦးသားကြားအခြေအနေကရေခဲတံတိုင်းခြားထားတာထက်တောင်အေးစက်သည်ဟုထင်ရသည်အထိ။
အိမ်သို့ရောက်သော် ဆွေးနေထိုင်သည့်အိမ်ကိုကြည့်မိသည့်အခါ အတော်အေးချမ်းလွန်းလှသည်ဟုထင်သည်။ ခြံဝန်းအကျယ်ကြီးထဲတွင် ပျဥ်ထောင်အိမ်ကလေးကသပ်ရပ်စွာတည်ဆောက်ထား၏။
အိမ်နံဘေးတွင်ရေတွင်းတစ်ခုကိုတွေ့ရ၏။ရေတွင်းနှင့်ခပ်လှမ်းလှမ်းနေရာတွင်တော့သစ်သားပြားများဖြင့်ပြုလုပ်ထားပြီးမြေနှင့်မထိကပ်စေသည့်သဘောနှင့်သာရိုက်ထားသောသစ်သားပြားပြင်ပေါ်တွင်စဥ့်အိုးနှစ်လုံးတင်ထား၏။ထိုစဥ့်အိုးတင်ထားသည့်အပြင်မှသစ်သားခုံကနေရာအတော်ကျယ်နေသေးကာရေပုံးတစ်ခုချထားသည်ကိုတွေ့ရသည်။

မြတ်နိုးရပါသော မောင့်ရှဥ့်ညိုWhere stories live. Discover now