အခန်း (၉)

14 1 0
                                    

လေတဖြူးဖြူးတိုက်နေသောကန်ရေပြင်နဘေးရှိကော်ဖီဆိုင်လေးတစ်ဆိုင်။ ထိုဆိုင်အတွင်းရှိစားပွဲဝိုင်းတွင် ခပ်ငယ်ငယ်အမျိုးသားတစ်ဦးကရေပြင်ကိုမျက်နှာမူလို့ ပတ်ဝန်းကျင်အလှကိုအကဲခတ်နေဟန်။

ခဏအကြာထိုအမျိုးသား၏စားပွဲသို့ရောက်လာပါသောလှပချောမောသည့်မိန်းမပျိုလေးကပြုံးရွှင်ကြည်နူးစွာ။

"ရောက်နေတာကြာပြီလားအကို"

"မကြာသေးဘူးဆိုရင်တော့လိမ်ရာကျမှာပေါ့ ကိုယ့်ရဲ့ယဥ်နန်းလေးဆီကအဖြေရမှာဆိုတော့ ရင်တွေခုန်လွန်းလို့ချိန်းထားထက်အချိန်ထက်ပိုစောလာနေမိတယ်"

ချစ်ရသူမျက်နှာလေးကိုတစ်စိမ့်စိမ့်ကြည့်ရင်း ဖြိုးသူရင်ခုန်စွာပြောမိသည်။ ယဥ်နန်းဆိုသည့်ဆရာမလေးကိုမြင်မြင်ချင်းချစ်ခင်ယုယမိတာ တက္ကသိုလ်ဆီသို့အသိညီလေးတစ်ယောက်ကိုလိုက်ပို့ရင်းအမှတ်မထင်တွေ့ခဲ့ရာကစသည်။

အမြဲတမ်းကတ္တီပါပုံတော်ဖိနပ်လေးကိုသာစီးတတ်သည့်မိန်းမပျို။စကားပြောတိုင်းယဥ်အေးသည့်အမူအရာ။နားဝင်ချိုစေသောအသံအေးအေးလေးကစလို့ နဖူးပြင်ခပ်ကျဥ်းကျဥ်းလေးပေါ်ဝဲကျနေသောဆံနွယ်စလေးကအစတယုတယမြတ်နိုးဖွယ်ကောင်းလွန်းသူလေး၏အလှမှာစာဖွဲ့လို့မကုန်။

ထိုသို့ချစ်ဖွယ်ကောင်းလွန်းသူလေးကိုချစ်မြတ်နိုးပါကြောင်းဖွင့်ဟခဲ့ကာသူလေး၏အချစ်ကိုရဖို့ရာကြိုးပမ်းခဲ့သည်မှာယနေ့ပင်တစ်နှစ်ပြည့်ခဲ့ပြီ။

ယနေ့တွင်တော့သူလေးကအဖြေပေးပါမည်တဲ့။ရင်ခုန်ရလွန်းသည်ကြောင့်ညဘက်တည်းကဖြိုးသူအိပ်၍တောင်မပျော်ခဲ့ပါ။ ချစ်ရသူ၏ပန်းနုရောင်နှုတ်ခမ်းထက်မှပေါ်ပေါက်လာမည့်အဖြေစကားတစ်ခွန်းကိုမျှော်လင့်ချက်ကြီးစွာစောင့်မျှော်နေမိရပါသည်။

"အဖြေမပေးခင် ယဥ်နန်းအကို့ကိုမေးချင်တာရှိတယ်"

"ယဥ်နန်းကြိုက်ရာမေးပါ ကိုယ့်မှာယဥ်နန်းဆိုတဲ့မိန်းကလေးကိုဘယ်အရာမှဖုံးကွာ်ထားဖို့စိတ်ကူးမရှိတာမို့နန်းမေးသမျှကိုယ်ဖြေပေးနိုင်ပါတယ်"

မြတ်နိုးရပါသော မောင့်ရှဥ့်ညိုWhere stories live. Discover now