ဆိုးပေ့မိုက်ပေ့မင်း၀သုန်တို့အဖွဲ့ဟေ့ဆို...ဘယ်သူမှအနားမကပ်ရဲကြတော့ဘူး..
ဘာလို့လဲသိလား...ထန်းရည်မူးနေချိန်မို့ရမ်းကားတတ်သည့်ကျုပ်တို့အဖွဲ့လူမပြောနဲ့လမ်းဘေးခွေးတောင်ကောင်းကောင်းမနေရအောင်လုပ်တတ်တာ...အခုလည်းကြည့်ညနေနွားရိုင်းသွင်းချိန်မှာရွာထဲကိုဒယိမ်းဒယိုင်နဲ့၀င်လာသောကာလသား၅ယောက်ဟာအရှေ့ကမြင်ကွင်းတချို့ကြောင့်ထို၅ယောက်၏ခေါင်းဖြစ်သူမင်း၀သုန်ကတံထွေးကိုထွေးထုတ်ရင်း''ဟျောင့်ညီခင်အရှေ့ကမြင်ကွင်းကဘာတွေလဲကြည့်ရဆိုးလိုက်တာကွာ...''ညီခင်ကပုဆိုးကိုပြန်၀တ်ကာခါးတောင်းကျိုက်ရင်းအကျီလက်ကိုခေါက်တင်လိုက်လေသည်။
''ဘာရမလဲကို၀သုန်ရ..အရှေ့ကကောင်တွေကဟိုဘက်ရွာကသူကြီးသဃ်ာရဲ့သားမဂ်လာတို့အဖွဲ့လေ...ရွာကမိန်းမပျိုတွေကို၀ိုင်းအနိုင်ကျင့်နေကြတာ...မြင်ကွင်းကတော့ကွာတကယ့်ကိုကြည့်ရဆိုးတာဗျာ...ကျုပ်တော့လက်ယားနေပြီး....''
''ကို၀သုန်ဘာလုပ်မှာလဲဒီတိုင်းငြိမ်နေလို့တော့မဖြစ်ဘူးကြာရင်ကျုပ်တို့ရွာကအပျိုတွေဒီကောင်တွေလက်ချက်နဲ့အရှက်ရချည်ရဲ့ဗျာ...''
၀သုန်ကဘာမှမပြောသေးဘဲစဥ်းစားနေဟန်နဲ့ကိုခင်မောင်ဘက်ကိုလှည့်လာလေသည်။ခင်မောင်ကတော့သူ့အား၀သုန်ကြည့်နေတာကြောင့်''ဘာလဲ၀သုန်ငါပွဲဦးမထွက်တတ်တာမင်းလည်းသိရက်သားနဲ့...''
၀သုန်ကိုခင်မောင်စကားကြောင့်ရယ်လိုက်လေသည်။
''ဟားဟားကိုခင်မောင်ရာကျနော်ကဘာပြောသေးလို့လဲ...ကိုခင်မောင်ခဗျားမှာလောက်လေးခွပါတယ်မလား''
''အေးငါအမြဲဆောင်ထားတယ်ဘာလို့''
''ခဗျားလေးခွနဲ့အဲဒီကောင်တွေထဲကတစ်ယောက်ကိုပစ်လိုက်...ကျန်တာကျုပ်တို့ဆက်လုပ်လိုက်မယ်''
''အေးငါပစ်ပေးမယ်ကျန်တာမင်းတို့ရှင်းကြ''
''ကိုခင်မောင်တည့်အောင်ပစ်နော်တော်ကြာလွဲနေမှအပျိုတွေမျက်နှာထိရင်ပြသာနာတက်ရချည်ရဲ့..''
''ငါဘယ်တုန်းကလက်မတည့်လို့လဲလှထွေးရမင်းသေချာကြည့်နေ''
''လက်တည့်တာသိပါတယ်ထန်းရည်၀င်နေတာဆိုတော့မျက်လုံး၂ထပ်နဲ့ပစ်မှာစိုးလို့ပြောနေတာပါ...ဘုန်း..''
YOU ARE READING
THE GOD KING (or) ခုနှစ်ပြည်ထောင်၏လူဆိုးလူပေမင်း၀သုန်
Actionဆိုးတယ်မိုက်တယ်ဆိုတာငါ့ဘ၀မှာရာဇ၀င်နဲ့လာတာကွ...အဆင့်အတန်းဂုဏ်ပကာသနတွေမလိုဘူး...ငါ့အတွက်ထန်းတောကထန်းရည်ကအရေးကြီးဆုံးဘဲ (လူဆိုးလူပေမင်း၀သုန်) အဲဒီလူဆိုးကောင်မင်း၀သုန်ဆိုတဲ့လူအကြောင်းကိုငါ့ရှေ့မှာမပြောစမ်းပါနဲ့..နားထောင်ရတာနားခါးလွန်းလို့ပါ... (သူဌေးကြီ...