ချမ်းဆောင်ပြည်ထန်းတောကျေးရွာညနေစောင်းချိန်ချောင်းစပ်နားမှာထိုင်နေသောမိန်းမပျိုလေးတစ်ဦး...
သူမဟာနားရွက်ပေါ်မှာနှင်းဆီနီနီကိုပန်ဆင်ထားပြီးနက်မှောင်သောဆံကေသာတို့ဘယ်ဘက်ရင်အုံပေါ်သို့လွှင့်စင်ချထားလေသည်။
ထိုမိန်းမပျိုလေးကအ၀ေးတစ်နေရာသို့ငေးမျှော်ကြည့်နေလေသည်။
ငွေ့သက်ရှင်သူမကထန်းတောရွာ၏အပျိုတော်ခေါင်းဆောင်တစ်ဦးပင်...
ငွေမျှင်ရောင်အရည်လဲ့သောမျက်၀န်းအိမ်တို့ကလွမ်းဆွတ်တမ်းတနေသောပုံရိပ်ကိုထင်ဟပ်စေသည်။အ၀ေးတစ်နေရာကိုငေးမျှော်ကြည့်နေသောသူမဟာချစ်သူမောင်ပြန်အလာကိုစောင့်မျှော်နေသည့်မိန်းမပျိုလေးနဲ့တူနေစေသည်။
သူမနာမည်ငွေ့သက်ရှင်နာမည်ကလည်းဆန်းသလိုလူကလည်းလူထူးဆန်းတစ်ယောက်လိုပင်...သူမဒီရွာကိုရောက်လာခါစသူမအသက်အရွယ်ဟာ၂၀ပင်...နှစ်ပေါင်း၃၀ကြာသည်အထိအခုသူမအသက်အရွယ်ဟာ၅၀ရှိနေတာတောင်၂၀အရွယ်ကဲ့သို့နုပျိုလွန်းသည်။
သူမကရွာသူကြီးဆိုလည်းမမှားပေ။
''သခင်မ...ရွာအတွက်လိုအပ်တဲ့ပြင်ဆင်မှုကိုလုပ်ဖို့အဆင်သင့်ဖြစ်ပါပြီး''ငွေ့ဘေးနားကိုရောက်လာသောရွာသားတစ်ဦးကတရိုတသေနဲ့ပြောလာသည်။
''ဘုန်းမောင်ကျန်တဲ့ကိစ္စမင်းကိုစီစဥ်ခိုင်းမယ်...ငါ့အစားဦးဆောင်ပြီးရွာသားတွေကိုရွာအနောက်ဘက်ခြမ်းကိုခြံစည်းရိုးတွေသေချာခတ်ဖို့မမေ့လေနဲ့...''
''ဟုတ်ကဲ့သခင်မကျုပ်သေချာစီစဥ်လိုက်ပါ့မယ်''
''အင်းသွားတော့''
''ဟုတ်ကဲ့''ဘုန်းမောင်ထွက်သွားတော့သူမရဲ့အကြည့်တို့ဟာချောင်းရေစီးကြောင်းဆီသို့...
*မောင်ကျမတို့ဘယ်ချိန်ကျမှပြန်ဆုံရမှာလဲဟင်...*
.....
''နွယ်...မိန်းမရေ...''ဘိုးထေတစ်ယောက်မနက်မိုးလင်းတာနဲ့ပထမဦးဆုံးရှာသည်ကနွယ်၀ေဆိုတဲ့သူ၏ချစ်ဇနီးလေးပင်..
''နွယ်...နှမငယ်...''ဘိုးထေတစ်ယောက်ကုတင်ပေါ်ကနေဆင်းလာတော့နွယ်၀ေကိုလိုက်ရှာလေသည်။

YOU ARE READING
THE GOD KING (or) ခုနှစ်ပြည်ထောင်၏လူဆိုးလူပေမင်း၀သုန်
Acciónဆိုးတယ်မိုက်တယ်ဆိုတာငါ့ဘ၀မှာရာဇ၀င်နဲ့လာတာကွ...အဆင့်အတန်းဂုဏ်ပကာသနတွေမလိုဘူး...ငါ့အတွက်ထန်းတောကထန်းရည်ကအရေးကြီးဆုံးဘဲ (လူဆိုးလူပေမင်း၀သုန်) အဲဒီလူဆိုးကောင်မင်း၀သုန်ဆိုတဲ့လူအကြောင်းကိုငါ့ရှေ့မှာမပြောစမ်းပါနဲ့..နားထောင်ရတာနားခါးလွန်းလို့ပါ... (သူဌေးကြီ...