The God King (part62)

106 13 0
                                    

အင်း..ဟင်း...

ဆေးလိမ်းပေးနေသောအထွေးပါထိုလူ့ငြီးသံကြောင့်လန့်သွားကာနောက်သို့ဆုတ်လိုက်မိသည်။

''အကို...အကိုသတိရလာပြီးလား...''

''အင်း..ဟင်း...''

အထွေးခေါ်တာကိုအကိုဘာမှမတုံ့ပြန်ဘဲငြီးနေတာကြောင့်အကိုနဖူးပြင်ကိုစမ်းလိုက်တော့ကိုယ်တွေပူကျစ်နေတာကိုသိရလေသည်။

''ဟင်ကိုယ်တွေပူကျစ်နေတာဘဲအကို....မမနွယ်..မမ''

နွယ်တစ်ယောက်အနောက်ဘက်မှာချက်ပြုတ်နေရင်းအထွေးလေးအော်သံကြောင့်အိမ်ရှေ့သို့ပြေးလာခဲ့လေသည်။

''အထွေးဘာဖြစ်လို့လဲကွယ်...''

''မမနွယ်ဒီလူကိုယ်တွေပူကျစ်နေတာဘဲလုပ်ပါအုန်း...''အထွေးကစိတ်ပူစွာနဲ့ပြောတော့နွယ်ထိုလူရဲ့နဖူးကိုစမ်းကြည့်လိုက်လေသည်။

''ဟုတ်သားဘဲကိုယ်တွေပူနေတယ်..မမသမားတော်ကိုသွားခေါ်လိုက်မယ်..ညီမလေးဒီမှာခနနေခဲ့နော်...''

''ဟုတ်ကဲ့မမ.မြန်မြန်သွားပေးပါနော်''အထွေးလေးကတော့တော်တော်စိတ်ပူနေတာဘဲ...

မမထွက်သွားတော့အထွေးထိုလူကိုယ်ပူကျအောင်ရေဘတ်တိုက်ပေးဖိူ့ရေဇလုံတစ်လုံးအ၀တ်တစ်ထည်ကိုသွားယူပြီးကိုယ်ဘတ်တိုက်ပေးလေသည်၊

''အင်း..ဟင်း...မထားခဲ့ပါနဲ့..မထားခဲ့ပါနဲ့...လိပ်ပြာ...လိပ်ပြာ...''

အကိုကအဖျားတက်ပြီးကယောင်ကတမ်းတွေအော်နေတာကြောင့်အထွေးရေဘတ်တိုက်နေတာကိုရပ်ပြီးအကိုလက်ကိုဆုတ်ကိုင်ကာ''မထားခဲ့ဘူး..အကို...သတိထားပါအုန်း''

''လိပ်ပြာ...''ရုတ်တရက်ဆွဲဖက်လိုက်တာကြောင့်အထွေးကိုယ်လေးဟာထိုလူ့ရင်ခွင်ထဲသိူ့ပစ်လဲကျသွားလေသည်။

အို!!!!

အထွေးလန့်ဖြန့်ကာပြန်ထပေမယ့်ထိုလူက''မသွားပါနဲ့မထားခဲ့ပါနဲ့....ကို့အနားမှာဘဲနေပေးပါလိပ်ပြာ...''

အကိုကကယောင်ကတမ်းအော်ပြီးအထွေးအားသူ့ချစ်သူအမှတ်နဲ့ဖက်ထားလေသည်။

အထွေးတစ်ယောက်ထလို့လည်းမရတာကြောင့်ထိုလူ့ရင်ခွင်ထဲမှာသာပိတ်မိနေခဲ့လေသည်။

THE GOD KING (or) ခုနှစ်ပြည်ထောင်၏လူဆိုးလူပေမင်း၀သုန်Where stories live. Discover now