၀သုန်တို့၃ယောက်ယာမကာဆိုင်ထဲကိုရောက်တော့လူတွေစည်ကားနေပြီးအံဂလုံ၀ိုင်းကြီးတစ်၀ိုင်းကသူတို့ကိုစောင့်ကြိုနေသလိုပင်
''ညီခင်မင်းရဲ့လက်စွမ်းကိုပြပါအုန်း''
ညီခင်၀သုန်အပြောကိုထောက်ခံသည့်အနေနဲ့လူအုပ်တွေကြားတိုး၀ှေ့ကာအံဂလုံ၀ိုင်း၏အရှေ့ဘက်သို့ရောက်လာခဲ့လေသည်။
''ဒီနေ့ကကျုပ်တို့ယာမကာဆိုင်ရဲ့အထူးနေ့လေးပါဗျ...ညီနောင်တို့ကိုလိမ်လည်လှည့်ဖြားပြီးဖိတ်ခေါ်တာမဟုတ်ဘူးနော်..ကံကောင်းရင်အသပြာတွေရွှေတွေဟာညီနောင်တို့အတွက်ဘဲကံဆိုးရင်တော့လက်ထဲကအသပြာတွေပါပြီးခွက်ဆွဲရမယ်နော်...''
အံဂလုံ၀ိုင်းကဒိုင်ကထိုသို့အော်ပြောလေသည်။ညီခင်က၀ိုင်းရဲ့အရှေ့မှာနေရာယူထားပြီးဘိုးထေနဲ့၀သုန်ကတော့သူရဲ့ဘေးတဖက်တစ်ချက်မှာလက်ပိုက်ကာညီခင်မည်သို့မည်ပုံလိမ်လည်မည်ကိုမျက်တောင်မခတ်ဘဲစိုက်ကြည့်နေကြလေသည်။
''ကဲဒါဖြင့်ရင်တော့ရွှေမိုးငွေမိုးရွာသွန်းဖို့အံဂလုံ၀ိုင်းစကြစို့ကွယ့်...''
အံစာခွက်ထဲကအံဂလုံကိုဒိုင်ကအခင်းပေါ်တွင်ဂျင်းလှည့်သလိုလှည့်ကစားပြီးအံစာခွက်ကိုထိုပေါ်သို့အုပ်လိုက်လေသည်။
''ကဲညီနောင်တို့ကံဆိုတာကိုယ့်အပေါ်ဘဲမူတည်တယ်နော်ဘယ်အကွက်ကိုထိုးမလဲ...ထိုးမလဲ''
ညီခင့်ဘေးပတ်ပတ်လည်ကလူတွေကတော့ကျားတို့ဒေါင်းတို့အကွက်ကိုထိုးပေမယ့်ညီခင်ကတော့တမူထူးခြားစွာနဂါးအကွက်ကိုထိုးလေသည်။
၆ကွက်ရှိသည်။ဆင်...ဇော်..ကျား...နဂါး..မြင်း..ဒေါင်း..
''ညီခင်သူများတွေကျားတို့ဒေါင်းတို့ထိုးတာမင်းကဘာလို့နဂါးထိုးတာလဲ''
''ကို၀သုန်..ဒီအံဂလုံကအဲလိုမထိုးရဘူး..ကျုပ်ကိုယုံစမ်းပါဗျာ..''
''ကဲအားလုံးသေချာပြီးနော်..ကျုပ်ခွက်ကိုလှန်တော့မယ်..''
၀ိုင်းထဲကလူတွေကသေချာကြည့်နေလေသည်။
ခွက်ကိုလှန်တင်ချိန်မှာညီခင်ကအေးဆေးသလောက်ဘိုးထေနဲ့၀သုန်ကတော့စိတ်လှုပ်ရှားနေလေသည်။

YOU ARE READING
THE GOD KING (or) ခုနှစ်ပြည်ထောင်၏လူဆိုးလူပေမင်း၀သုန်
Actionဆိုးတယ်မိုက်တယ်ဆိုတာငါ့ဘ၀မှာရာဇ၀င်နဲ့လာတာကွ...အဆင့်အတန်းဂုဏ်ပကာသနတွေမလိုဘူး...ငါ့အတွက်ထန်းတောကထန်းရည်ကအရေးကြီးဆုံးဘဲ (လူဆိုးလူပေမင်း၀သုန်) အဲဒီလူဆိုးကောင်မင်း၀သုန်ဆိုတဲ့လူအကြောင်းကိုငါ့ရှေ့မှာမပြောစမ်းပါနဲ့..နားထောင်ရတာနားခါးလွန်းလို့ပါ... (သူဌေးကြီ...