သက္ကထိုလူငယ်၅ယောက်၏အကြောင်းစုံကိုကြားသိရပြီးနောက်အရှငိမထံသို့လျှောက်တင်လိုက်လေသည်။
''မင်းညိုတောင်ရွာကလူငယ်တွေပေါ့...သူတို့ရွာအတွက်ငါကိုယ်တော်စိတ်မကောင်းဖြစ်မိတယ်..မင်းညိုတောင်ရွာကိုလုပ်ကြံသူတွေကိုဖမ်းမိပြီးလားသက္က''
''မှန်ပါ့ကျနော်မျိုးသူလျှိုလွှတ်ပြီးစုံစမ်းနေတုန်းပါဘုရား''
''ငါ၏ရွာငယ်အတွက်သွေးကြွေးတွေကိုသူတို့တွေပြန်ပြီးပေးဆပ်စေရမယ်...''
''မှန်ပါ့တရားခံကိုအမြန်ဆုံးဖော်ထုတ်မှာပါဘုရား...''
''သက္ကလူငယ်တွေကိုငါ့ရှေ့တော်မှောက်ခစားရောက်ဖို့စေလွှတ်စေ''
''မှန်ပါ့ဘုရား''သက္ကထွက်သွားတော့စောဒေ၀ီဟာတလွန်ထက်လဲလျောင်းကနားထင်အောက်လက်ထောက်ပြီးမှိန်းနေလေသည်။
''လူငယ်၅ယောက်ရောက်ရှိကြောင်းပါဘုရား''
၀သုန်တို့၅ယောက်ဇာပု၀ါလွှမ်ခြုံထားတဲ့အခန်းထဲကို၀င်လာတော့အရှေ့ကပိတ်ဖြူနဲ့ကာရံထားတဲ့တလွန်တော်မှာအိပ်စက်နေသောမိန်းမပျိုတစ်ဦးကိုတွေ့ရလေသည်။ထိုမိန်းမပျိုထံမှ''ရောက်လာကြပြီးလားမင်းညိုတောင်ရွာသားတို့''
''မှန်ပါ့ဘုရား''၀သုန်တို့ဦးညွတ်အရိုအသေပြုလိုက်လေသည်။
စောလူငယ်လေးတွေကိုပိတ်ဖြူကာရံထားသောနေရာကနေလှမ်းပြီးအကဲခတ်ကြည့်မိသည်။လူငယ်တွေကသက္ကတို့ထက်ငယ်ရွယ်ပြီးရဲစွမ်းသတ္တိနဲ့ပြည့်စုံတဲ့ရုပ်ရည်ရူပကာတို့ရှိလေသည်။
ထိုထဲမှလူငယ်လေးတစ်ဦးဟာအနီရောင်ဖျင်အကျီနဲ့ဘောင်းဘီတို့ကို၀တ်ဆင်ထားပြီးမျက်နှာပေါ်မှာအပြုံးတို့ကင်းမဲ့နေလေသည်။
လေးကိုင်းပုံစံနှုတ်ခမ်းတို့ကစေ့ပိတ်ထားပြီးစူးရှတောက်ပသောမျက်၀န်းတို့ရဲရင့်မှုတို့ကိုပြသနေလေသည်။
ထူးခြားမှုအသွင်ပြင်နဲ့ထိုလူသားအားစောအမေးထုတ်လာသည်။
''အနီရောင်၀တ်စုံနဲ့အသင်ကနာမည်ဘယ်လိုခေါ်လဲ''
အရှင်မထံမှမေးခွန်းမေးလာသောကြောင့်၀သုန်ခေါင်းမော့ကာ''မင်း၀သုန်ပါဘုရား...''

YOU ARE READING
THE GOD KING (or) ခုနှစ်ပြည်ထောင်၏လူဆိုးလူပေမင်း၀သုန်
Actionဆိုးတယ်မိုက်တယ်ဆိုတာငါ့ဘ၀မှာရာဇ၀င်နဲ့လာတာကွ...အဆင့်အတန်းဂုဏ်ပကာသနတွေမလိုဘူး...ငါ့အတွက်ထန်းတောကထန်းရည်ကအရေးကြီးဆုံးဘဲ (လူဆိုးလူပေမင်း၀သုန်) အဲဒီလူဆိုးကောင်မင်း၀သုန်ဆိုတဲ့လူအကြောင်းကိုငါ့ရှေ့မှာမပြောစမ်းပါနဲ့..နားထောင်ရတာနားခါးလွန်းလို့ပါ... (သူဌေးကြီ...