အဘတို့ပြန်ရောက်လာတော့လူစိမ်းတစ်ယောက်ပါပါလာလေသည်။
ထွန်းလူနဲ့မောင်ထူးတို့၂ယောက်ထိုလူကို၂ယောက်ထမ်းကာခေါ်လာခဲ့လေသည်။
အိမ်ရှေ့ကိုရောက်တော့ကွပ်ပျစ်ပေါ်မှာထိုလူစိမ်းကိုတင်ပေးကာ''ဦးလေးကျုပ်တို့ဒီမှာထားခဲ့ပြီးနော်...''
''အေးမင်းတို့တွေရေမိုးချိုးပြီးရင်နားတော့ကျန်တာငါဘဲဆက်လုပ်လိုက်မယ်...''
အသားညိုတာလည်းမဟုတ်ဖြူတာလည်မဟုတ်သောထိုလူကိုနွယ်၀ေနဲ့ထွေးငယ်တို့တွေအတူတူကြည့်နေကြတာကြောင့်ဦးဘိုးချိုချောင်းဟန့်လိုက်လေသည်။
အဟမ်း...
''သမီးတို့လုပ်စရာရှိတာသွားလုပ်ကွယ့်''
''အဘဒီလူကဘယ်သူလဲ''
''သူ့ကိုမြစ်ဆိပ်မှာတွေ့လို့ခေါ်လာတာ..ကြည့်ရတာစစ်တိုက်ရင်းတစ်ခုခုဖြစ်လာခဲ့တာထင်ပါ့ကွယ်...''အဘကပြောရင်းဆိုရင်းနဲ့ထိုလူရဲ့စစ်၀တ်တန်ဆာတွေကိုချွတ်နေလေသည်။
''အဘသမီးတို့လည်း၀ိုင်းကူပေးမယ်...''
''အေးအေး..''
နွယ်၀ေနဲ့ထွေးငယ်လည်းထိုလူရဲ့အ၀တ်စားတွေကိုကူချွတ်ပေးပြီးနောက်အဘကဘဲသူ့ကိုအဘရဲ့အ၀တ်စားတွေကို၀တ်ပေးပြီးသမားတော်ကိုခေါ်ကာလူငယ်ရဲ့ရင်ဘတ်ကဒဏ်ရာကိုကုသပေးလေသည်။''ဒီဒဏ်ရာကအဆိပ်မိလာတာ..တိုက်ပွဲမှာတိုက်ခိုက်ရင်းအဆိပ်ပါတဲ့လက်နက်နဲ့တိုက်ခိုက်ခံရတာဖြစ်မယ်..ဒီကလူငယ်လေးကတော်တော်လေးထူးဆန်းတယ်ကွယ့်''
''ဘာလို့လဲဆရာ''
''ဒီလိုပြင်းထန်တဲ့ခရမ်းရောင်အဆိပ်ကိုမိထားတာတောင်မေ့မျောရုံကလွဲပြီးအသက်မသေခဲ့ဘူး...ကျုပ်တစ်သက်မှာဒီလိုလူကိုဒီတခါဘဲတွေ့ဖူးတယ်...''
''ဆရာဒီလူလေးကစိုးရိမ်ရတဲ့အခြေအနေမဟုတ်ဘူးပေါ့''
''အင်းမေ့မျောနေတာဘဲဆိုတော့စိုးရိမ်စရာမရှိဘူး..ကျုပ်သူ့အတွက်ဆေးစပ်ပေးခဲ့မယ်ဒါကသူ့ဒဏ်ပေါ်မှာတနေ့၃ကြိမ်တိတိလိမ်းပေးရမယ်..ဒါကဒီလူငယ်လေးနိုးလာရင်သောက်ဖို့ဆေးထုတ်...''
YOU ARE READING
THE GOD KING (or) ခုနှစ်ပြည်ထောင်၏လူဆိုးလူပေမင်း၀သုန်
Actionဆိုးတယ်မိုက်တယ်ဆိုတာငါ့ဘ၀မှာရာဇ၀င်နဲ့လာတာကွ...အဆင့်အတန်းဂုဏ်ပကာသနတွေမလိုဘူး...ငါ့အတွက်ထန်းတောကထန်းရည်ကအရေးကြီးဆုံးဘဲ (လူဆိုးလူပေမင်း၀သုန်) အဲဒီလူဆိုးကောင်မင်း၀သုန်ဆိုတဲ့လူအကြောင်းကိုငါ့ရှေ့မှာမပြောစမ်းပါနဲ့..နားထောင်ရတာနားခါးလွန်းလို့ပါ... (သူဌေးကြီ...